စတုတ္ထအကြိမ်မြောက် ရုံးထုတ်စစ်ဆေးစဉ် ဦးဆန်းဆင့်အား မိသားစုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ပြု

 နေပြည်တော် ဇူလိုင် ၂၃

ငွေကျပ်သိန်း ၁ဝဝ ခန့်အလွဲ သုံးစားပြုမှုဖြင့်အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာနက တရားလိုပြုအမှု ဖွင့်ခြင်းခံထားရသူ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဟောင်း ဦးဆန်းဆင့်ကို ယမန်နေ့ နံနက် ၁ဝ နာရီက နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိခရိုင် တရားရုံး၌ စတုတ္ထအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး မိသားစုနှင့် လည်း ပထမဆုံးအကြိမ် တွေ့ဆုံ ခွင့်ပြုခဲ့သည်။

ယင်း၏ ပဉ္စမအကြိမ်မြောက် ရုံးချိန်းကို ယခုလ ၂၉ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ပင် ထပ်မံ ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ပြီး ယခုစတုတ္ထအကြိမ် ရုံးထုတ်စစ် ဆေးသည့်ရုံးချိန်းသို့ ပြည်တွင်း ပြည်ပမီဒီယာများနှင့် နိုင်ငံပိုင်မီဒီ ယာများမှ သတင်းသမား ၂၅ ဦး ဝန်းကျင် စောင့်ဆိုင်းသတင်းယူ ခဲ့သော်လည်း ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့စဉ်ကထက်ပင် လုံခြုံရေးတင်းကျပ်ထားသဖြင့် ခရိုင်တရားရုံးဝင်း၏ ပင်မဂိတ် တံခါးပြင်ပမှသာ သတင်းယူခဲ့ရ သည်။

''ဦးဆန်းဆင့်ကို မီဒီယာနဲ့ လုံးဝထိတွေ့ခွင့်မပြုတော့ဘူး။ ကားနဲ့ခေါ်လာပြီး ခရိုင်တရားရုံး ဝင်းထဲမောင်းဝင်သွားတယ်။သတင်း သမားတွေက ဝင်းအပြင်ကနေပြီး ဓာတ်ပုံလှမ်းရိုက်ရတယ်။ပြန်တော့ လဲကားပေါ်တင်ပြီး မောင်းထွက်သွား တယ်။ ကားမှန်ကို စတေကာ အမည်းကြီးတွေကပ်ထားလို့ ကား ထဲမှာရှိနေတဲ့ဦးဆန်းဆင့်ကို ဓာတ် ပုံရိုက်ခွင့်လဲမရဘူး။ မေးမြန်းခွင့် လဲမရခဲ့ဘူး''ဟု မီဒီယာသမား များကဆိုသည်။

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ ဒုတိယမြောက် အကြိမ်ရုံးချိန်းကို နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် တရားရုံး၌ပြုလုပ်ခဲ့ပြီး သတင်းရ ယူခွင့်ရရှိခဲ့ရာ ပြည်တွင်းဂျာနယ် အချို့နှင့် အင်တာနက်လူမှုကွန်ရက် စာမျက်နှာ(ဖေ့စ်ဘုတ်)တွင်သတင်း ရေးသားဖော်ပြခဲ့ကြသည်။ ယင်းနေ့ က တတိယအကြိမ်မြောက်ရုံးချိန်း ကို ယခုလ ၁၇ ရက်ချိန်းဆိုခဲ့ရာ၌ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကအဆိုပါနေ့တွင်သတင်း ရယူခဲ့ကြသော သတင်းမီဒီယာများ သို့ပြောကြားခဲ့သော်လည်း ယခုလ ၈ ရက်သို့ ပြောင်းလဲချိန်းဆိုကာ ပုဗ္ဗသီရိတရားရုံး၌ စစ်ဆေးနေရာမှ ဒက္ခိဏသီရိခရိုင်တရားရုံးသို့ပြောင်း လဲကာရုံးထုတ်စစ်ဆေးခဲ့သည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ တတိယမြောက် ရုံးချိန်းကို ယခုလ ၁၇ ရက်တွင် ချိန်းဆိုထားသော်လည်း ရက်ချိန်း ပြောင်းရွှေ့ပြီးဒက္ခိဏခရိုင်တရားရုံး ၌ကြားဖြတ်ရုံးထုတ်စစ်ဆေးခဲ့သည်။ဦးဆန်းဆင့်၏ ကိုယ်ရေးအရာရှိကို ပြန်လည်လွှတ်ပေးခဲ့သည်ဟုသိရ သည်။ ယခင်က ဦးဆန်းဆင့်အပါ အဝင် ¤င်း၏အပေါင်းအပါများကို ငွေကျပ်သိန်း ၁ဝဝခန့်အလွဲသုံးစား ပြုမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနကတရားလိုပြုအမှုဖွင့်၍ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲ စခန်း၌ ပ/၂၁/ ၂ဝ၁၄ ပြစ်မှု ပုဒ်မ ၄ဝ၉/၁ဝ၉ ဖြင့် အမှုဖွင့် အရေးယူခဲ့သော်လည်း ယခုလ ၈ ရက် တတိယအကြိမ်မြောက်ရုံး ထုတ်သည့်နေ့တွင် ဦးဆန်းဆင့်၏ အပေါင်းအပါများကို ခရိုင်တရာရုံး ကလွှတ်ပေးခဲ့ပြီး ယခင်အမှုဖွင့် ထားခဲ့သော ပုဒ်မ ၁ဝ၉ ကိုပယ် ဖျက်ခဲ့ပြီးနောက် ဦးဆန်းဆင့်ကို ပြစ်မှုပုဒ်မ ၄ဝ၉/၁၂၄-က ဖြင့် အရေးယူစစ်ဆေးလျက်ရှိကြောင်း တရားရုံးအသိုင်းအဝိုင်းမှ သိရ သည်။

ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒ နယ်မြေ(၁)မှ ဦးခင်မောင်ဝင်းက ''ဒီရုံးချိန်းမှာ သူ့မိသားစုနဲ့တွေ့ ခွင့်ပေးလို့လာတွေ့ရတာပါ။ အခု လာတဲ့သူတွေက သူ့အမျိုးသမီး၊သူ့ သား၊ သူ့ညီမအရင်းနဲ့တစ်ဝမ်းကွဲ ညီမပါတယ်။သူ့ယောက်ဖပါတယ်။ ဒီအမှုမှာပွင့်လင်းမြင်သာမှုမရှိဘူး။ အရင်ကလဲ ကြားဖြတ်လုပ်သွား လိုက်တယ်။ အခုအကြိမ်မှာ ဒီလို မီဒီယာတွေဝင်ခွင့်မပေးဘဲ တံခါး ပိတ်လိုက်တာ သဘောမကျဘူး။သူမှန်တာကိုမတရားတော့မဖြစ်စေ ချင်ဘူး''ဟုပြောကြားသည်။

စွမ်းရဲထွဋ်
The Union Daily

https://www.facebook.com/pages/The-Union-Daily/139677556201764


စတုတ္ထအကြိမ်မြောက် ရုံးထုတ်စစ်ဆေးစဉ် ဦးဆန်းဆင့်အား မိသားစုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ပြု  စတုတ္ထအကြိမ်မြောက် ရုံးထုတ်စစ်ဆေးစဉ် ဦးဆန်းဆင့်အား မိသားစုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ပြု Reviewed by သစ်ထူးလွင် on 19:03 Rating: 5
Powered by Blogger.