အရှိန်မထိန်းနိုင်သောယာဉ်မှ ဈေးဆိုင်ခန်း (၁၁) ခန်းနှင့် အမျိုးသား (၁)ဦးတို့အား တိုက်မိ

ရန်ကုန်၊ ဇူလိုင် ၁၁

၁၀.၇.၂၀၁၄ရက်နေ့ ၁၃၄၅အချိန် မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းအတိုင်း တောင်မှမြောက်သို့ လှည်းကူးမြို့နယ်နေ ယာဉ်မောင်း သက်မင်းထွန်း မောင်းနှင် လာသော 2C----နစ်ဆန်းဟီနိုးဘတ်(စ်) ယာဉ်လိုင်းအမှတ် (၂၁၃)ခရီးသည်တင် ယာဉ်သည် (၆)ကွေ့မှတ်တိုင်အလွန် အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာ ဘက်ဘေးရှိ ဈေးဆိုင်ခန်း(၁၁)ခန်းနှင့် မြောက်ဥက္ကလာပမြို့နယ်နေ မောင်ပေါက် (၄၈)နှစ်တို့အား ၀င်ရောက်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဈေးဆိုင်ခန်း(၁၁)ခန်းပျက်စီးပြီး မောင်ပေါက်တွင် နဖူးထိပ်ပေါက်ပြဲ ဒဏ်ရာရရှိကာ မြောက်ဥက္ကလာပဆေးရုံတွင် ပြင်ပလူနာ (မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း သက်မင်းထွန်းအား ဝေဘာဂီနယ်မြေ ရဲစခန်းယာဉ်(ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၂၇၉ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

https://www.facebook.com/yangonpolice



အရှိန်မထိန်းနိုင်သောယာဉ်မှ ဈေးဆိုင်ခန်း (၁၁) ခန်းနှင့် အမျိုးသား (၁)ဦးတို့အား တိုက်မိ  အရှိန်မထိန်းနိုင်သောယာဉ်မှ ဈေးဆိုင်ခန်း (၁၁) ခန်းနှင့် အမျိုးသား (၁)ဦးတို့အား တိုက်မိ Reviewed by သစ်ထူးလွင် on 18:17 Rating: 5
Powered by Blogger.