အမြန်လမ်းတွင် ရွှေစင်စင်္ကြာယာဉ်တစ်စီး လမ်းလယ်တုံးကိုဝင်တိုက်သော်လည်း မမှောက်အောင်ထိန်းနိုင်ခဲ့

ရန်ကုန် ဇူလိုင် ၁၂

ရန်ကုန်မှ နေပြည်တော်သို့ အမြန်လမ်းမကြီး အတိုင်း ယနေ့ နံနက် ၉နာရီတွင် ထွက်ခွာလာ သော ရွှေစင်စင်္ကြာယာဉ်လိုင်းမှ ယာဉ်----သည် ၁ဝ၅ မိုင်တွင် လမ်းလယ်တုံးများကို ဝင်တိုက်မိခဲ့ သော်လည်း ယာဉ်တိမ်းမှောက် မသွားအောင် ယာဉ်မောင်းက ထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရသည်။

ယင်းသို့ဖြစ်ရခြင်းမှာ ယဉ် မောင်းနှင်နေစဉ် ယာဉ်အကူက စတီယာရင်ကိုင်ထားသော ယာဉ် မောင်း၏ လက်ကြားထဲမှနေ၍ ခလုတ်တစ်ခုကို လှမ်းပိတ်လိုက် ခြင်းကြောင့်ဖြစ်ကြောင်း တာဝန် ကျယာဉ်မောင်းကပြောသည်။

''ကားက စောင်းပြီးပြေး သွားတော့ ကားပေါ်ကလူတွေ အကုန်လုံးထိတ်လန့်ကုန်ကြတယ်။ မှောက်ပြီလို့တောင်ထင်တာ၊ ဘာပဲ ပြောပြော မမှောက်အောင်ပြန်ထိန်း နိုင်တဲ့ဒရိုင်ဘာကို ကျေးဇူးအများ ကြီးတင်ပါတယ်''ဟု ခရီးသည် တစ်ဦးကပြောသည်။

အထက်ပါဖြစ်စဉ်ကြောင့် အမြန်လမ်းယာဉ်ထိန်းရဲတပ်ဖွဲ့ရောက် ရှိလာခဲ့ပြီး လိုအပ်သည့်အရေးယူ မှုများ ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်းသိရသည်။
ယာဉ်မတော်တဆဖြစ်ခြင်း ကြောင့် ယာဉ်အောက်ပိုင်းကိရိယာ တချို့ပျက်ဆီးသွားခဲ့ပြီး အဲကွန်း လိုင်းပြတ်တောက်သွားခဲ့သည့် အတွက် ရွှေစင်စင်္ကြာယာဉ်လိုင်းမှ နေ၍ ၁၁၅မိုင်ယာဉ်ရပ်နားစခန်း တွင် အခြားရွှေစင်စင်္ကြာကားတစ် စီးနှင့်ပြောင်းလဲကာ ဆက်လက် ဝန်ဆောင်မှုပေးခဲ့သည်။

ဆုဟမ်
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764

ရွှေစင်စင်္ကြာယာဉ်တစ်စီးအား တွေ့ ရစဉ် ။ ဓါတ်ပုံ - အင်တာနက်

အမြန်လမ်းတွင် ရွှေစင်စင်္ကြာယာဉ်တစ်စီး လမ်းလယ်တုံးကိုဝင်တိုက်သော်လည်း မမှောက်အောင်ထိန်းနိုင်ခဲ့  အမြန်လမ်းတွင် ရွှေစင်စင်္ကြာယာဉ်တစ်စီး လမ်းလယ်တုံးကိုဝင်တိုက်သော်လည်း မမှောက်အောင်ထိန်းနိုင်ခဲ့ Reviewed by သစ်ထူးလွင် on 17:26 Rating: 5
Powered by Blogger.