မလေးရှား လေယာဉ် ယူကရိန်း အရှေ့ပိုင်းမှာ ပျက်ကျ

 ခရီးသည် ၂၉၅ ဦး လိုက်ပါလာပြီး အမ်စတာဒမ် ကနေ ကွာလာလမ်ပူကို ပျံသန်းလာတဲ့ မလေးရှား လေကြောင်းပိုင် MH17 လေယာဉ်ဟာ ယူကရိန်းနဲ့ ရုရှား နယ်စပ်မှာ ပျက်ကျသွားတယ်လို့ သတင်းရရှိပါတယ်။

ယူကရိန်း အရှေ့ပိုင်း မြေပြင်မှာ ပျက်ကျပြီး မီးလောင်နေတဲ့ လေယာဉ်ကို တွေ့ရှိရကြောင်း မော်စကိုက လေကြောင်းဆိုင်ရာ သတင်းရပ်ကွက်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

မလေးရှား လေကြောင်းလိုင်းကတော့ MH17 နဲ့ အဆက်အသွယ် ပြတ်သွားကြောင်း၊ နောက်ဆုံး သိရတဲ့ နေရာက ယူကရိန်း နယ်မြေပေါ်မှာ ဖြစ်ကြောင်း ပြောပါတယ်။

အေပီ သတင်းတစ်ပုဒ် အဆိုအရ အမြင့်ပေ ၃ သောင်း ၃ထောင်မှာ ပျံသန်းလာတဲ့ လေယာဉ် တစ်စီး ဒုံးကျည် ထိမှန် ပျက်ကျသွားကြောင်း ယူကရိန်း ပြည်ထဲရေး ဝန်ကြီးရဲ့ အကြံပေးက ပြောတယ်လို့ ဖော်ပြထားပါတယ်။ ဒီပြောဆိုချက်ကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ယူကရိန်း အရှေ့ပိုင်း ဒေသဟာ အခုရက်ပိုင်း အတွင်း ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန်တွေရဲ့ ဒုံးကျည် လက်ချက်နဲ့ ယူကရိန်း စစ်ဘက် လေယာဉ်တွေ ပစ်ချခံနေရတဲ့ နေရာ ဖြစ်ပါတယ်။

ဖြစ်ပျက်ပုံ အသေးစိတ်ကို နိုင်ငံတကာက ဆက်လက် စုံစမ်း နေကြဆဲ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/07/140717_malaysia_mh17_crashes.shtml

MH17 ပျက်ကျရာ နေရာ

မလေးရှား လေယာဉ် ယူကရိန်း အရှေ့ပိုင်းမှာ ပျက်ကျ  မလေးရှား လေယာဉ် ယူကရိန်း အရှေ့ပိုင်းမှာ ပျက်ကျ Reviewed by သစ်ထူးလွင် on 06:59 Rating: 5
Powered by Blogger.