မံစီမြို့နယ် တရားရုံးခြံစည်းရိုး အနီး မိုင်းပေါက်ကွဲမှု ဖြစ်ပွား

 မံစီ ၊ ၂၉-၇-၂၀၁၄

 ကချင်ပြည်နယ် မံစီမြို့နယ် တရားရုံး အနီး၌ ဇူလိုင် ၂၇ ရက် ည ၁ဝ နာရီခွဲ ခန့်တွင် ဆိုင်ကယ် သုံးစီးခန့် ဖြတ်မောင်း သွားသည့် အသံ ကြားရပြီး ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ၄င်းတရားရုံး ခြံစည်းရိုးအနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ခြံစည်းရိုး ၏ အရှေ့ မြောက်ထောင့် နေရာ၌ အမြင့် ၁ ဒသမ ၅ ပေ၊ အောက်ခံအုတ်ရိုး အကျယ် ၃ ပေခန့်မှ ပွင့်ထွက် ပျက်စီးသွားပြီး အုတ်ရိုးပေါ်ရှိ သံဆန်ခါ ခြံစည်းရိုး အကျယ် ၄ပေ၊ အမြင့် ၁ ဒသမ ၅ ပေခန့် ပျက်စီး သွားကာ ခြံစည်းရိုး အတွင်း ၄င်းနေရာနှင့် ၁၅ ပေခန့် အကွာတွင် ရပ်ထားသော ခြောက်ဘီးယာဉ် ၏ဘေးတွင် အချင်း ၁ စင်တီမီတာခန့် ရှိ အပေါက် ၄ ပေါက်ခန့် ထိမှန်ကြောင်း နှင့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့် နေရာအား စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ သွားရောက် စစ်ဆေးရာ ၁၁ လက်မ အရှည်ရှိ အင်တာနာ ဝါယာကြိုး အနက်ရောင် တစ်ချောင်း၊ သုည ဒသမ ၅ စင်တီမီတာ မှ ၁ ဒသမ ၅ စင်တီမီတာ ခန့်ရှိ ဗုံးစ ၁၅ ခုအား ရှာဖွေတွေ့ရှိ ခဲ့ပြီး ယမ်းအား ပေါက်ကွဲမှု အနေအထားအရ တီအမ်တီ ယမ်း ၅ ပေါင်ခန့် ရှိနိုင်ကြောင်း၊ ရီမုတ် မိုင်းအား ဆိုင်ကယ်ဖြင့် လာ ရောက်ချထားပြီး အဝေးမှ ရီမုတ်ဖြင့် ဖောက်ခွဲ သွားခြင်း ဖြစ်နိုင် ကြောင်းနှင့် အမှုမှန် ပေါ်ပေါက်စေ ရေး အတွက် စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရှိရသည်။

#Yadanarpondaily

http://myawady-myawady.blogspot.com/2014/07/blog-post_33.html


မံစီမြို့နယ် တရားရုံးခြံစည်းရိုး အနီး မိုင်းပေါက်ကွဲမှု ဖြစ်ပွား  မံစီမြို့နယ် တရားရုံးခြံစည်းရိုး အနီး မိုင်းပေါက်ကွဲမှု ဖြစ်ပွား Reviewed by သစ်ထူးလွင် on 16:21 Rating: 5
Powered by Blogger.