ပဲခူးမြို့တွင် လျှပ်စစ်ဝန်ထမ်း လိုင်းပြင်လုပ်သားတစ်ဦး မီးလိုင်းပြင်ရာမှ ဓာတ်လိုက်သေဆုံး

 ပဲခူးမြို့၊ ဥဿာမြို့သစ်၊ အမှတ်(၅)ရပ်ကွက်၊ FIVE STAR စားသောက်ဆိုင်ရှေ့လမ်းမရှိ ဓာတ်တိုင် တွင် လူတစ်ဦး ဓာတ်လိုက် သေဆုံးနေကြောင်း ဥဿာမြို့သစ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းမှ ပဲခူးအမှတ်(၃)နယ်မြေရဲစခန်းသို့ ဖုန်းဖြင့် အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။

 ဖြစ်စဉ်မှာ ၂၀-၇-၂၀၁၄ ရက်နေ့ နံနက်(၂း၂၀)နာရီတွင် ဥဿာမြို့သစ်၊ အမှတ်(၅)ရပ်ကွက်၊ ဆည် မြောင်းလမ်း၊ FIVE STAR စားသောက်ဆိုင်ရှေ့လမ်းမရှိ ဓာတ်တိုင်တွင် လိုင်းအမှတ်(၁၁) လိုင်းကြိုးပြတ်နေ ၍ ပဲခူးမြို့နယ်လျှပ်စစ်စွမ်းအားဝန်ကြီးဌာန(ပဲခူး) လျှပ်စစ်ဝန်ထမ်း လိုင်းပြင်လုပ်သားများဖြစ်သော ထွန်းမင်းလတ် (၂၉)နှစ် (ဘ)ဦးမြင့်လွင်၊ ကျော်မျိုး (၂၈)နှစ် (ဘ)ဦးစီကွေး၊ အောင်မျိုးဦး (၃၀)နှစ် (ဘ) ဦးအောင်မျိုးမြင့်တို့ (၃)ဦးမှ  မီးလိုင်းပြင်ဆင်ရန်ရောက်ရှိလာပြီး ထွန်းမင်းလတ်မှ  ဓာတ်တိုင်ပေါ်သို့ တက်ရောက်ပြင်ဆင်စဉ်  ဓာတ်လိုက်ခံရပြီး ဒဏ်ရာများရရှိကာ ပြုတ်ကျသေဆုံးနေသဖြင့် ထွန်းမင်းလတ် သေဆုံးမှုမှာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် ပဲခူးအမှတ်(၃)နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၁၀/၂၀၁၄)ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကိုသန့် စင်

BY THIT HTOO LWIN


ပဲခူးမြို့တွင် လျှပ်စစ်ဝန်ထမ်း လိုင်းပြင်လုပ်သားတစ်ဦး မီးလိုင်းပြင်ရာမှ ဓာတ်လိုက်သေဆုံး  ပဲခူးမြို့တွင် လျှပ်စစ်ဝန်ထမ်း လိုင်းပြင်လုပ်သားတစ်ဦး မီးလိုင်းပြင်ရာမှ ဓာတ်လိုက်သေဆုံး Reviewed by သစ်ထူးလွင် on 16:26 Rating: 5
Powered by Blogger.