ဆေးလိပ်ငွေ့ရှူနေရသည့် ပြဿနာအား ဖြေရှင်းပေးရန် ပြည်သူများ လိုလား

မကွေး ဇူလိုင် ၁၆

 ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များအရ ဆေးလိပ် မသောက်ရဇုန်များ၊ ကန့်သတ် နယ်မြေများအတွင်း ဆေးလိပ် သောက်သုံးမှု ကင်းစင်သွားသော်လည်း လက်ဖက်ရည်ဆိုင်များ၊ အဝေးပြေး ကားဝင်းများအတွင်း အလိုမတူဘဲ ဆေးလိပ်ငွေ့ရှူနေရ သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာ များ ကြုံတွေ့နေရဆဲဖြစ်ပြီး ဥပဒေ ကြောင်းအရ ထိန်းချုပ်ကာကွယ် ဖြေရှင်းပေးရန် လိုအပ်လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

''၂ဝဝ၆ ခုနှစ် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက် သုံးမှု ထိန်းချုပ်ရေးဥပဒေပြဋ္ဌာန်း ထားပြီး ဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေ အရလည်း ဆေးလိပ်အန္တရာယ် လျှော့ချနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် အခြေခံအဖွဲ့အစည်းများ အနေနဲ့ ထိရောက်တဲ့ထိန်းချုပ် အရေးယူမှုအပိုင်းမှာ အားနည်းနေ သေးတာကို တွေ့ရပါတယ်''ဟု ဒေသခံ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ဆေးလိပ် မသောက်ရဇုန်များဖြင့် ထိန်းချုပ်ခြင်းက လတ်တလော အခြေအနေတွင် ထိရောက်အောင် မြင်သော လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး အများပြည်သူနှင့် သက်ဆိုင်သော အခြားနေရာများတွင်လည်း တားမြစ် ဇုန်များ ထပ်မံတိုးချဲ့သတ်မှတ်ခြင်း၊ ဆေးလိပ်သောက်ရန် နေရာများ သီးသန့်ထားရှိပေးခြင်းဖြင့် ပြည်သူ များ ကြုံတွေ့နေရသော ဆေးလိပ်ငွေ့ ရှူရှိုက်နေရသည့် ကျန်းမာရေး ပြဿနာအား ထိထိရောက်ရောက် ဖြေရှင်းပေးရန် လိုလားလျက် ရှိကြောင်း ဒေသခံများထံမှ သိရ သည်။

 ဇေယျတု(မကွေး)
The Mirror Daily
https://www.facebook.com/TheMirrorDaily


ဆေးလိပ်ငွေ့ရှူနေရသည့် ပြဿနာအား ဖြေရှင်းပေးရန် ပြည်သူများ လိုလား  ဆေးလိပ်ငွေ့ရှူနေရသည့် ပြဿနာအား ဖြေရှင်းပေးရန် ပြည်သူများ လိုလား Reviewed by သစ်ထူးလွင် on 14:20 Rating: 5
Powered by Blogger.