တောင်ကိုရီးယားတွင် ခရီးသည်တင် ရထား ၂ စီး တိုက်

  တောင်ကိုရီးယားနိုင်ငံမှာ ခရီးသည်တင်ရထား ၂ စီး ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့က တိုက်မိလို့ လူ ၁ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရတယ်လို့ ဆေးရုံအရာရှိ ၁ ဦးနဲ့ ရဲတွေက ပြောပါတယ်။

ဆိုးလ်မြို့တော်အရှေ့တောင်ဘက် ၁၂၅ မိုင်အကွာက အပန်းဖြေဒေသအတွင်း ပုံမှန် အဝေးပြေးမီးရထားနဲ့ ကမ္ဘာ့လှည့်ခရီးသည်တင် ရထားတို့ တိုက်မိခဲ့တာ ဖြစ်ပြီး လူအယောက် ၇၀ ကျော် ဒဏ်ရာရတယ်လို့ ပြောကြားပြီး သေဆုံးမှု အတည်ပြုတာတော့ ရဲအရာရှိက မပြောခဲ့ပါဘူး။
တောင်ကိုရီးယားနိုင်ငံတွင်း ဒီနှစ် အစောပိုင်း မြေအောက်ရထား မတော်တဆမှု ၂ မှုအတွင်း လူ ၂၀၀ နီးပါး ဒဏ်ရာရပါတယ်။ အဲဒီနောက် ဈေးဝယ်ဌာနတခု မီးလောင်မှုကြောင့် လူ ၈ ဦး သေဆုံးပါတယ်။

သက်ကြီးဆေးရုံ မီးလောင်မှုကြောင့် လူ ၂၁ ယောက် သေဆုံးခဲ့တဲ့အပြင် ပြီးခဲ့တဲ့ ဧပြီလအတွင်း အပန်းဖြေကျွန်း ဂျဲဂျုကျွန်းကို သွားတဲ့ လွန်းပျံသင်္ဘော နစ်မြုပ်မှုကြောင့် ကလေးအများစုပါတဲ့ လူအယောက် ၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အာရှရဲ့ စတုတ္ထအကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားဟာ နည်းပညာအဆင့်မြင့်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ပြီး အားမာန်အပြည့်နဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။
ဒါပေမယ့် စည်းမျဉ်းထိန်းချုပ်မှုနဲ့ ဘေးကင်းရေးစံချိန်တွေအပေါ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရဆဲပါ။

By ဒီဗွီဘီ
http://burmese.dvb.no/archives/60833

ဓာတ်ပုံ - ရိုက်တာ



တောင်ကိုရီးယားတွင် ခရီးသည်တင် ရထား ၂ စီး တိုက်  တောင်ကိုရီးယားတွင် ခရီးသည်တင် ရထား ၂ စီး တိုက် Reviewed by သစ်ထူးလွင် on 14:47 Rating: 5
Powered by Blogger.