အငှားယာဉ်နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာ

ရန်ကုန်၊ ဇူလိုင် ၂၇

 ၂၆.၇.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်တွင် ထန်းတပင်မြို့နယ်၊ ရန်ကုန်-ညောင်တုန်း လမ်းအတိုင်း ညောင်တုန်းဘက်မှ ရန်ကုန်ဘက်သို့ ကမာရွတ်မြို့နယ်နေ ယာဉ်မောင်း ထွန်းထွန်းနိုင် မောင်းနှင်လာသော 2D ---- ချယ်ရီဆလွန်း အငှားယာဉ်သည် မိုင်တိုင်အမှတ်(၁၂/၇)အနီးအရောက် မျက်နှာချင်းဆိုင်မှ ထန်းတပင်မြို့နယ် နေ မောင်ဇွဲသူလင်းထိုက်မောင်းနှင်ပြီး နောက်တွင် တွံတေးမြို့နယ်နေ ကိုရှုမောင်တို့ လိုက်ပါလာသော နံပါတ် မပါ CZI-125 အမျိုးအစားဆိုင်ကယ်အား ၀င်ရောက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် မောင်ဇွဲသူရလင်းထိုက်တွင် ဦးခေါင်းယာဘက်ဖူးရောင် ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းနှင့်ပါးစပ် သွေးထွက်ဒဏ်ရာ၊ ၀ဲ/ယာလက်ကောက်ဝတ် ရိုးကျိုး၊ ဝှေးစေ့ပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ကိုရှုမောင်တွင် ယာမျက်လုံးဖူးရောင်နှင့် နှာခေါင်းသွေးထွက်ဒဏ်ရာ (သတိမေ့လျက်)များရရှိခဲ့ သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)
အဖြစ် တင်ပို့ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်မောင်း ထွန်းထွန်းနိုင်အား ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်း ယာဉ်(ပ)၄၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police
https://www.facebook.com/yangonpolice?ref=br_tf



အငှားယာဉ်နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာ  အငှားယာဉ်နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာ Reviewed by သစ်ထူးလွင် on 18:58 Rating: 5
Powered by Blogger.