ကားပေါ်မှဆင်း၍ လမ်းဖြတ်ကူးသူအား နောက်မှမောင်းလာသော ကုန်တင်ယာဉ်ဝင်တိုက်

 သထုံ ဇူလိုင် ၂၈

 သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် ခရီးသည်တင်မှန်လုံယာဉ်ပေါ်မှဆင်းကာ လမ်းဖြတ်ကူးသူ တစ်ဦးအား အနောက်မှ မောင်းလာသော ၆ ဘီးကုန်တင်ယာဉ်တစ်စီးက ဝင်ရောက်တိုက်မိကာ လူသေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက် ၀၀း၂၀ အချိန်က သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ် ရပ်ကွက်၊ ဘီအိုစီအနီး ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၃၈/၂)နှင့်(၁၃၈/၃)အကြားတွင် Elite ခရီးသည်တင်မှန်လုံယာဉ်ပေါ်မှ ဆင်းလာသော အင်းစိန်မြို့ တွင် နေထိုင်သူ ခရီးသည် မဝေမာ သည် လမ်း၏တစ်ဖက်ခြမ်းရှိ သစ်သီးဆိုင်တန်းသို့ဖြတ်ကူးစဉ် သထုံမှ ဘီးလင်းဘက်သို့ ယာဉ်မောင်း မြင့်အောင် မောင်းနှင်လာသည့် Canter အမျိုးအစား၊ အဖြူရောင် ၆ ဘီး ကုန်တင်ယာဉ်မှ ဝင်ရောက်တိုက်မိခဲ့ရာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ရာ ယာဉ်မဆင်မခြင်မောင်းနှင်လာသော ကုန်တင်ယာဉ်မောင်း မြင့်အောင်အား ယာဉ်(ပ)၂ ၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် သိမ်ဆိပ်နယ်မြေ ရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf


ကားပေါ်မှဆင်း၍ လမ်းဖြတ်ကူးသူအား နောက်မှမောင်းလာသော ကုန်တင်ယာဉ်ဝင်တိုက်  ကားပေါ်မှဆင်း၍ လမ်းဖြတ်ကူးသူအား နောက်မှမောင်းလာသော ကုန်တင်ယာဉ်ဝင်တိုက် Reviewed by သစ်ထူးလွင် on 09:08 Rating: 5
Powered by Blogger.