ကျပ်သိန်း(၂၀၀၀)တန်ဘိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၁၆

 ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ အမှတ်(၁၈) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မန္တလေးတောင်ပိုင်း)မှ တပ်ဖွဲ့ဝင်များနှင့် အမှတ်(၁၆)မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်သတင်းအရ သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁)၊ မန္တလေး-လားရှိုးလမ်းမပေါ်ရှိ “ရွှေထိပ်တန်း”ဧည့်ရိပ်မွန်၊ အခန်းအမှတ်(၂၀၅)သို့ ၀င်ရောက်ရှာဖွေ ခဲ့သည်။

 ထိုသို့ရှာဖွေရာ အဆိုပါအခန်းတွင် တည်းခိုနေထိုင်သော ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၊ နောင်ဆိုင်းကျေးရွာနေ မောင်စိုင်းစံဥ(ခ)အိုက်စိုင်း (၂၁)နှစ်နှင့် နောင်ချိုမြို့နယ်၊ ပင်ဆုံကျေးရွာနေ မောင်အောင်ညွန့်(ခ)မိုးညို(၄၂)နှစ်တို့ ၂ ဦး ထိုင်နေသည့် ကုတင်မွှေ့ယာပေါ်ရှိ ကျောပိုးအိတ်အတွင်းမှ 88 နှင့် 1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ ပြား၊ တန်ဘိုးငွေကျပ်သိန်း(၂၀၀၀)ဖမ်းဆီးရမိခဲ့သောကြောင့် ၎င်းတို့ ၂ ဦးအား ပြင်ဦးလွင်မြို့မရဲစခန်း မယ(ပ)၁၅/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096


ကျပ်သိန်း(၂၀၀၀)တန်ဘိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ  ကျပ်သိန်း(၂၀၀၀)တန်ဘိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 19:00 Rating: 5
Powered by Blogger.