အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် ဆရာဝန်တစ်ဦး သေဆုံး

 Sierra ​Leone ​နိုင်ငံမှာ ​ပြန့်နှံ့နေတဲ့ ​အီဘိုလာ ​ဗိုင်းရပ်စ်ပိုးကို ​ဦးဆောင်တိုက်ဖျက်နေတဲ့ ​ဆရာဝန်တစ်ဦးဟာ ​အဲဒီရောဂါနဲ့ ​သေဆုံးခဲ့ရပါတယ်။

ဒေါက်တာ ​Sheik ​Umar ​Khan ​ဟာ ​အီဘိုလာဗိုင်းရပ်စ်ပိုး ​တိုက်ဖျက်ရေးမှာ ​Sierra ​Leone ​နိုင်ငံရဲ့ ​ကျန်းမာရေး ​ခေါင်းဆောင်ဖြစ်ပြီး ​လူနာပေါင်း ​အယောက် ​၁၀၀ ​ကျော်ကို ​အောင်မြင်စွာ ​ကုသနိုင်ခဲ့တဲ့အတွက် ​နာမည်ကောင်းရခဲ့သူလည်း ​ဖြစ်ပါတယ်။

အဲဒီလို ​လူနာကို ​ကုသပေးခဲ့သူ ​ကျန်းမာရေး ​လုပ်သားတချို့လည်း ​သေဆုံးခဲ့ရပြီး ​အဲဒီထဲမှာ ​အသက် ​၃၉ ​နှစ်အရွယ် ​ဒေါက်တာ ​Sheik ​Umar ​Khan ​လည်း ​ပါဝင်တာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​ဗိုင်းရပ်စ်ပိုး ​ပြန့်နှံ့နေတဲ့ ​Liberia ​နိုင်ငံမှာ ​သွားရောက်ကူညီခဲ့တဲ့ ​အမေရိကန်နိုင်ငံသား ​ကျန်းမာရေးအမှုထမ်း ​နှစ်ဦးလည်း ​ကူးစက်ခံနေရပါတယ်။

အီဘိုလာ ​ဗိုင်းရပ်စ်ပိုးဟာ ​အနောက်အာဖရိက ​ဒေသမှာ ​ဖေဖော်ဝါရီလ ​ကတည်းက ​ပြန့်နှံ့နေတာဖြစ်ပြီး ​အဲဒီရောဂါပိုးကြောင့် ​Guinea, ​Liberia ​နဲ့ ​Sierra ​Leone ​နိုင်ငံမှာ ​လူပေါင်း ​၆၇၂ ​ယောက် ​သေဆုံးရပြီ ​ဖြစ်ပါတယ်။

အဲဒီရောဂါပိုး ​ရှိပြီဆိုရင် ​အော့အန်တာတွေ၊ ​ဝမ်းသွားတာတွေနဲ့ ​ကိုယ်တွင်းနဲ့ ​ပြင်ပမှာ ​သွေးထွက်တာတွေ ​ဖြစ်တတ်တယ်လို့ ​သိရပါတယ်။

အဲဒီပိုးဟာ ​နိုင်ဂျီးရီးယားနိုင်ငံအထိ ​ပြန့်နှံ့လာတဲ့အတွက် ​အနောက်အာဖရိကတိုက်ရဲ့ ​လေကြောင်းလိုင်းနှစ်ခုဖြစ်တဲ့ ​Asky ​နဲ့ ​Arik ​Air  ​ကလည်း ​Sierra ​Leone ​နဲ့ ​Liberia ​နိုင်ငံ ​ပျံသန်းမှုကို ​ရပ်ဆိုင်းထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-30/1349904

Sierra Leone နိုင်ငံမှာ ပြန့်ပွားနေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကို စမ်းသတ် တိုက်ဖျက်နေကြတဲ့ ကျန်းမာရေး လုပ်သားတွေ (Credit: Reuters)

အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် ဆရာဝန်တစ်ဦး သေဆုံး  အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် ဆရာဝန်တစ်ဦး သေဆုံး Reviewed by သစ်ထူးလွင် on 07:34 Rating: 5
Powered by Blogger.