အပြောကောင်းတယ် အစားကြမ်းတယ်

သူငယ်ချင်း

          ရပ်ကွက်ထဲမှာ ပြောနေကြ စကားလေး တစ်ခုပေါ့ ကွာ။ ဒီနေ့ခေတ် အုပ်ချုပ်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေး မ ဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ်မှာ တိုင်းပြည် ကို ဦးစီးဦးဆောင် ပြုနေကြ သူတွေနဲ့ အပ်စပ်လို့ပြော ပြလိုက်ရတာပါ။ အစိုးရ အဖွဲ့ကတော့ အပြောကောင်း သလားမမေးနဲ့ လတစ်လရဲ့ ပထမဆုံး ရက်တွေမှာ မိဘပြည်သူများ ခင်ဗျာနဲ့ စဖွင့်တော့တာပဲ။ လကုန် ခါနီးမှ ဘူဒိုဇာနဲ့ ထိုးတာက တစ်ပိုင်းပေါ့လေ။ သမ္မတ ကြီးကသာနှုတ်ချို အပြောကောင်းပေမယ့် သူ့ဝန်ကြီး အဖွဲ့တွေ ကိုတော့ ကွယ်ရာမှာ သမ္မတလူကြမ်း အဖွဲ့ လို့ပြောနေလေရဲ့၊ ကြမ်းချက်ရမ်းချက်ကတော့ ကမ်း ကုန်တယ်၊ ကိုယ်စကားကိုယ် ဘယ်ရောက်လို့ရောက် မှန်းမ သိတဲ့သူတွေ။

          မင်းတို့လွှတ်တော်ထဲမှာလဲ ရောင်းသူဝယ်သူ အသံတူတွေ အများကြီးပဲသူငယ်ချင်းရ။ ရွှေလက်နဲ့ ခေါ်လို့မလာရင် ဘူးလက်နဲ့ခေါ်မယ်ပြောတဲ့သူနဲ့ ဗိုက်ကြီးလှန်ပြတဲ့သူနဲ့၊ စစ်သားပဲ သမ္မတလုပ်ရမယ် လို့ပြောတဲ့ အမျိုးသမီးအမတ်အိုကြီးကတစ်ဖုံစုံနေတာပဲ။ ရုပ်သံတွေတိုက်ရိုက်လွှင့်တဲ့ခေတ်ကြီးမှာ အာဗ ရိတ်ပေါက်ပြီးပါးစပ်စည်းကမ်း မရှိတဲ့သူတွေကတော့ ဒုက္ခပါပဲ။ သမ္မတကြီးကတော့ ရွှေပြည်အေးသမား၊ လေပြေလေးနဲ့ စကားကိုဖြည်းဖြည်းနဲ့ ညင်ညင်သာ သာပြောတယ်။

သူငယ်ချင်းရေ- ကြောင်ကြာကြာရေမငုပ်ဘူးဆိုတဲ့ စကားပုံလိုပဲ ၂ဝ၁၃ကုန်တာနဲ့ သမ္မတကြီးက လေသံ တွေပြောင်းလာပြီကွ။ ဒီမိုကရေစီကို တစ်အိမ်ထောင် ဘယ်လောက်သားပဲရမယ်ဆိုပြီး ခွဲတမ်းနဲ့လုပ်လာ ပြီလေ။ ပေးသလောက်ပဲရမယ်၊ လိုတာထက်ပိုမရဘူး၊ နိုင်ငံရေးအကျပ်အတည်း ဖြစ်အောင်မလုပ်ကြနဲ့  ရပြီးသားဒီမိုကရေစီတောင် ပြန်အသိမ်းခံရမယ် ဒီ လိုတွေပြောလာတဲ့အခါ ပြည်သူတွေအတော် စိတ် ဓာတ်ကျသွားကြတယ်၊ သမ္မတကြီးကလဲ မြန်မာဆို တော့ မြန်မာဘောလုံးအသင်းလိုပါပဲ။ ပထမပိုင်း တော့ ပရိတ်သတ်မျှော်လင့်ချက်တွေ ဖြည့်စည်းပေး တော့မလိုလိုနဲ့ ဒုတိယပိုင်းမှာ ပရိ သတ်မျက်ရည်ကျ အောင်လုပ်သွားကြတဲ့ ထုံးစံအတိုင်း သမ္မတကြီးက ဘောလုံးကို ဘေးကန်ထုတ်နေပြီ၊ ကိုယ်ဂိုးကို ပြန်သွင်းနေပြီကွ။

          ပါးရိုက်နားကိုက်ဝန်ကြီးကို အလုပ်ဖြုတ်မပစ်တာ၊ ဝန်ထမ်းတစ်ယောက် သုံးသိန်းလာဘ်စားရင်အရေး မယူဘူးဆိုတာတွေဟာ ဒီမိုကရေစီအစိုးရ မဟုတ် တော့ဘူးဆိုတာကို ရိပ်ဖမ်းသံဖမ်း ပြလိုက်တာပါပဲ။ မိဘပြည်သူများခင်ဗျာလို့ ဘယ်လောက်ပဲပါးစပ်က ပြောနေပေမယ့် ကိုယ့်မိဘကို တခြားသူက ပုဆိုး လှန်ပြ၊ ပါးရိုက်လုပ်တာကို လက်ပိုက်ကြည့်နေနိုင် တယ်ဆိုတာကိုက မဟုတ်တော့ဘူး သူငယ်ချင်းရဲ့၊ အပြောကောင်းပေမယ့် အကောင်းပြောတာ မဟုတ် တာကတော့ ကြိမ်းသေတယ် သူငယ်ချင်း။

          အပြောကောင်းတယ် အစားကြမ်းတယ်ဆိုတာ တကယ်ကွ၊ ၂ဝ၁ဝစတက်လာကတဲက သမ္မတနဲ့သူ့ ဝန်ကြီးတွေ ပိုင်ဆိုင်မှုကို လွှတ်တော်က စစ်မယ်ဆို တော့ သမ္မတကြီးက ခါးခါးသီးပဲ၊ အစိုးရအဖွဲ့ကို စစ် ရင် လွှတ်တော်ကိုလဲ ပိုင်ဆိုင်မှုစစ်ရမယ်ဆိုပြီး ပြန် ခြိမ်းခြောက်လိုက်တော့ လွှတ်တော်ဥက္ကဋ္ဌကြီးလဲ သူရ ဘွဲ့ကြီးဘေးချပြီး သွားဖြဲနဲ့ရူးချင်ယောင်ဆောင် နေ လိုက်တယ်။

သူငယ်ချင်းရေ-

          သေချာတွေးကြည့်ရင် သူ့ကိုစစ်ရင်ကိုယ့်ကို လည်း အစစ်ခံရမယ်လို့ မျှမျှတတပြောပုံရပေမဲ့ တ ကယ်တော့ ငါ့ဝန်ကြီးတွေကိုတော့ နည်းနည်းမှလာ မထိနဲ့နော်ဆိုတဲ့သဘောပဲ။

          အစားကြမ်းကြတာတော့မပြောနဲ့သူငယ်ချင်း၊ ၉၆ပါးဝန်ကြီးတွေ တိုက်တစ်လုံး ကားလေးစီးနဲ့ အ ဆင်ပြေနေတာကို သုံးသိန်းအပိုဆောင်းပေးလိုက် ပြန်ပြီ။ နိုင်ငံတကာမှာ လာဘ်စားတာကို သေဒဏ် ပေးနေတဲ့ ခေတ်ကြီးမှာ သုံးသိန်းဆိုရင် လာဘ်စားမှုမ မြောက်ဘူးဆိုဘဲ။ ဝန်ထမ်းတစ်ယောက် သုံးသိန်းခိုး ရင် ဝန်ထမ်းဘယ်နှစ်သန်းရှိလဲ။ သုံးသိန်းနဲ့ မြှောက်                  ကြည့် ပြည်သူ့ဘဏ္ဍာငွေတွေ ဘယ် လောက်လေလွင့်နေသလဲဆိုတာ။ လွှတ်တော်အမတ် က ခုနှစ်ရာ၊ ရှစ်ရာ၊ ဝန်ကြီးက ၉၆ ပါးနဲတဲ့စရိတ်လား သူငယ်ချင်း။ တိုင်းပြည်ကတော့ ခံပေရော့ပဲ။

          ပြည်ထောင်စုဝန်ကြီးတွေ ဝန်ကြီးချုပ်တွေရဲ့ အသုံးစရိတ် ဧည့်ခံစရိတ်တွေကလဲများသား သူငယ် ချင်းရဲ့။ ဒီ ထက်ပိုဆိုးတာက အဲဒီဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ လာဘ်စားနေဆဲပဲ။ ညွှန်ချုပ်တွေ၊ညွှန် မှူးတွေကိုလည်း ပေးကမ်းနေရ ဆဲပဲ။ ဒုံရင်းဒုံရင်းပါပဲကွာ။ သမ္မတကြီးက ကျန်တာတွေစွမ်း ဆောင်နိုင်ပေမယ့် အကိုကြီးညီလေးတို့ရဲ့ ဂါရဝတရားကစတဲ့ လာဘ်ပေးလာဘ်ယူနဲ့ အဂတိ လိုက်စားမှု တားဆီးရေးကို လုံးဝအောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး။ သမ္မ တကြီးလက်ထက်မှာ လာဘ် စားလို့သေဒဏ်ပေးခံရ တဲ့သူထောင် နှစ်ရှည်ကျတဲ့သူ မကြားမိပါဘူး။ ရခိုင်ပြည်နယ်က တရားသူကြီး ချုပ်တောင် လာဘ်စားလွန်းလို့ အနားယူခိုင်း လိုက်တယ်။ ထောင်တော့မကျဘူး။

သူငယ်ချင်းရေ

          နှုတ်ချိုအပြောကောင်းပေမယ့် လုပ်ဆောင်ချက် တွေက ပုံမလာတော့ ပါးစပ်ကြမ်းပြီး စိတ်ရင်းကောင်း တဲ့ ငါတို့ဗိုလ်ချုပ်အောင်ဆန်းကို သတိရမိတယ်ကွာ။ လကုန်ရင် အိမ်မှာဆန်ချက်စရာမရှိတာရယ်၊ အဝတ်သုံးစုံနဲ့ ဖြစ်သလိုနေတတ်တာရယ်၊ နေစရာ အိမ်မရှိလို့ သူများအိမ်ပေါ် တက်နေရတာတွေ ပြန် စဉ်းစားမိပြီး ခုခေတ်ဗိုလ်ချုပ်တွေကို အော့နှလုံးနာ မိတယ်။ ကားကအစီး ငါးဆယ်တစ်ရာ၊ တိုက်က အလုံးနှစ်ဆယ်သုံးဆယ်၊ ဘာလုပ်ဖို့များ ပြည်သူ့ဘ ဏ္ဍာကို ယူထားကြပါလိမ့်။ သေရင်လဲယူသွားလို့ မ ရဘူး။ အသက်ငယ်ငယ်နဲ့ ဗိုလ်ချုပ်တစ်ယောက် များ သေသွားခဲ့ရင် နောက်လူက ထားခဲ့တဲ့ပစ္စည်းတွေအ တွက် သူ့ကိုကောင်းကောင်းအလေးပြုနေမှာ မြင် ယောင်မိသေးတယ်သူငယ်ချင်း။    

          သမ္မတကြီးအနေနဲ့ အဂတိလိုက်စားမှုကို အ မြစ်ပြုတ်အောင်တိုက်နိုင်ရင် ပြည်သူချစ်တဲ့သမ္မတ ကြီးဖြစ်မှာ။ အခုတော့ ဒီပုပ်ထဲကဒီပဲဆိုပြီး သမ္မတ ကြီးကို ဝေဖန်နေကြပြီ။ ၂ဝ၁၅မ တိုင်ခင် လာဘ်စား တဲ့ ဝန်ကြီးတွေ တရုတ်ပြည်မကြီးလို သေဒဏ် ပေး ခိုင်းရင် သိပ်ကောင်းမှာပဲလို့ မုဒိ တာပွားမိတယ်။ ဘာပဲလုပ်လုပ် တရုတ်ကြီးကို အတု ခိုးပြီးလိုက်လုပ် တာ။ အဂတိလိုက်စားမှု တိုက်ဖျက် ရေးကျမှ မြန် မာ့နည်း၊ မြန်မာ့ဟန် သုံးသိန်းခိုးရင်အပြစ် မရှိဆို တော့ နဲနဲလေးတော့လွဲနေတယ်။ တရုတ်ပြည်မှာ ဘို ရှီလိုင်းတို့လို ပါတီခေါင်းဆောင်ရဲ့ ဇနီးတောင် အဂတိလိုက်စားမှု၊ လူသတ်မှုနဲ့ သေဒဏ်ပေးခံလိုက် ရတာငါတို့တိုင်းပြည်မှာလာဘ်စားတဲ့လူတစ်နေဲ့တစ်ယောက် သေဒဏ်ပေးရင် တစ်နှစ် လုံးပျင်းရမှာ မဟုတ်ဘူး။

          ပြည်သူပိုင်ပိုက်ဆံ ကို သုံးသိန်းခိုးရင် အရေးမယူ ဘူးဆို တာကတော့ နည်း နည်းရိုက်ချက်ပြင်းသွားပြီ။ အစိုးရဝန်ထမ်းက တစ် နေ့ပိုက်ဆံတစ်သောင်းရုံးက ခိုးရင်ဘာပြစ်မှု မှမ မြောက်ဘူးပြောသလိုဖြစ်နေပြီ။ ၂ဝ၁ဝခုနှစ် စတက် လာကထဲက လွဲတဲ့အလွဲတွေထဲမှာ ဒီအလွဲကမသေး ဘူး။

          နိုင်ငံတကာက ဘာတွေပဲကူညီကူညီ၊ ဘယ် လောက်ပဲငွေချေးငွေချေး၊ အဲဒီအထောက်အပံ့တွေ၊ အကူအညီတွေကို ဝန်ထမ်းတွေက ကြားဖြတ်ခိုးနေ ကြရင် အိတ်ပေါက်နဲ့ဖားကောက်သလို ဖြစ်နေမှာ ပေါ့။ အဂတိလိုက်စားတတ်တဲ့ ဝန်ကြီး၊ ဝန်ကလေး တွေကို နိုင်ငံဘဏ္ဍာကို ကိုင်တွယ်စီမံခိုင်းနေတာက လဲ သူခိုးကို ဘဏ္ဍာစိုးအပ်သလို ဖြစ်နေမှာပေါ့။ အစိုးရက ပြောင်းပြီလို့ ခဏခဏပြောနေလို့ ငါတို့က တကယ်ပြောင်းပြီမှတ်နေတာ။ ဘယ်ဟုတ်မလဲ သူတို့က အရင်လူတွေပဲဥစ္စာ။ အတိတ်မေ့သလို လုပ် လို့မဖြစ်သေးဘူး။ သူတို့ရဲ့အကျင့်တွေ ငါတို့ပြည်သူ တွေ သိပြီးသားဟာကို လူသစ်တွေအောင်းမေ့နေတာ လူသစ်မဟုတ်ပါဘူး။ လစ်သူပါ။ ပြည်သူပိုင်ပစ္စည်း၊ ငွေကြေးတွေကို အလစ်သုတ်တဲ့ လစ်သူတွေပါ     သူငယ်ချင်းရေ။

          အပြောကောင်းတယ်၊ အစားကြမ်းတယ်ဆိုတဲ့ စကားနောက်မှာ အထွဋ်တက်တတ်တဲ့သူက ထပ်တိုး ထားသေးတယ်သူငယ်ချင်းရဲ့၊ အပြောကောင်းတယ်၊ အစားကြမ်းတယ်၊ အိမ်သာလုတက်တယ်ဆိုလား စားတာတွေများလွန်းတော့ ဖင်မနိုင်တော့ဘဲ ပွင့် ထွက်လို့ အိမ်သာလုတက်ကြရတာ။ ဒို့တိုင်းပြည်မှာ တော့ စားတာများလွန်းလဲ အိနြေ္ဒမပျက်ပါဘူး။ ဗိုလ် ချုပ်ဘဝက အငြိမ်းစားယူရင် ဘဏ်သူဌေးတော့ အသာလေးဖြစ်တယ်။ တစ်ယောက်မှ အဂတိလိုက်စား မှုနဲ့ ဒုက္ခရောက်တာမတွေ့ဖူးပါဘူး။ သူခိုးရွှေရတပြ ပြဆိုတာလို ခိုးထားတဲ့ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ကြီး ပေ့ဆိုတဲ့တိုက်မှာနေ၊ ကောင်းပေ့ဆိုတဲ့ ကားကို စီး၊ နိုင်ငံခြားကဝင်လာတဲ့ ရင်းနှီးမြှပ်နှံသူတွေနဲ့ရွှေလက် တွဲပြီး အောင်ပွဲခံနေကြပြီသူငယ်ချင်း။

          ခွေးရူးကောင်းစားတာ တစ်မွန်းတည့်မကကြာ လာတော့ တိုင်းပြည်ကတော့နေဝင်ခဲ့ပြီကော သူငယ် ချင်းရယ်။        

          အစိုးရဆိုတာ အပြောကောင်းပေမယ့်အကောင်း ပြောခဲ့တာမဟုတ်ဘူး။ အစားကြမ်းသလောက် ပြည် သူတွေကို အကြမ်းစားနှိပ်ကွပ်နေလေတော့ နောက် ရောက်လာတဲ့ မောင်ပုလဲဒိုင်းဝန်ထက်ကဲ ဆိုသလို ဖြစ်နေပြီလားလို့ ငါတို့စဉ်းစားကြရတော့မယ် သူ ငယ်ချင်း။ ၂ဝ၁ဝတက်လာကာစကတုန်းက တော့ သမ္မတကြီးပုံစံက ရိုးရိုးလေးမို့ အစိုးရဆိုတာ အစပဲရိုး တာပါလို့ မှတ်ချက်ပေးရင်း အဆုံးသတ်လိုက်ကြရ အောင် သူငယ်ချင်းရေ..။

                             မင်းရဲ့

                                                     အရမ်းသန်းညွန့်

 ပြည်သူ့ဆန္ဒဂျာနယ် အတွဲ(၂) အမှတ်စဉ်(၆)


အပြောကောင်းတယ် အစားကြမ်းတယ်  အပြောကောင်းတယ် အစားကြမ်းတယ် Reviewed by သစ်ထူးလွင် on 18:59 Rating: 5
Powered by Blogger.