ဆိုင်ကယ်(၁)စီးဖြင့် မသင်္ကာဖွယ်တွေ့ရှိ သူများအား စစ်ဆေးရာမှ လုယက်မှုများ ပေါ်ပေါက်

 ရန်ကုန်၊ ဇူလိုင် ၂၅

 ၂၄.၇.၂၀၁၄ရက်နေ့၁၂၃၀အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်း ဆောင်ရွက်နေစဉ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၆)ရပ်ကွက်၊ ပင်လုံလမ်းနှင့် ယောက်ကော် ဘုရားလမ်း ထောင့်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် နေသူများ ဖြစ်ကြသည့် ဝေယံ(ခ)ထွန်းမြတ်မင်း (၁၉)နှစ်၊ (ဘ)ဦးအေးခိုင်၊ ပေါက်စီ(ခ)စိုးလင်း(ခ)နိုင်လင်း(၂၇)နှစ်၊ (ဘ)ဦးစိုး၊ မျိုးမင်းဇော် (၁၈)နှစ်၊ (ဘ)ဦးငွေရှင်နှင့် နို့ဆီ(ခ)အောင်ကျော် (၁၈)နှစ်၊ (ဘ)ဦးတင်ရီတို့ (၄)ဦးအား JLM– 110အနက် ရောင်ဆိုင်ကယ် (၁)စီးဖြင့် မသင်္ကာတွေ့ရှိသဖြင့် စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ၎င်းတို့ (၄)ဦးသည် ၂၀၁၄ခုနှစ်၊ ဇွန်လအတွင်းက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၃)ရပ်ကွက်၊ ယောက်ကော်လမ်းတွင် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့အား ဓါးများဖြင့် ခြိမ်းခြောက်၍ရွှေဆွဲကြိုး(၁)ကုံး၊ နားကပ် (၁)ဖက်နှင့် လက်ကိုင်ဖုန်း(၁)လုံးတို့အား လည်းကောင်း၊ ဇူလိုင်လအတွင်းက (၂၃)ရပ်ကွက်၊ ဟားခါးလမ်းတွင် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ထံမှ ရွှေဆွဲကြိုး(၁)ကုံး၊ လက်စွပ်(၁)ကွင်း၊ လက်ကိုင်ဖုန်း(၁)လုံးတို့အားလည်းကောင်း၊ (၂၃)ရပ်ကွက်၊ ယောက်ကော်လမ်းတွင် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ ထံမှ ရွှေဆွဲကြိုး(၁)ကုံး၊ လက်စွပ်(၁)ကွင်း၊ နားကပ်(၁)ရံနှင့် လက်ကိုင်ဖုန်း(၁)လုံး တို့အားလည်းကောင်း လုယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းတို့ (၄)ဦးအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ ရဲစခန်း(ပ)၆၇၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf


ဆိုင်ကယ်(၁)စီးဖြင့် မသင်္ကာဖွယ်တွေ့ရှိ သူများအား စစ်ဆေးရာမှ လုယက်မှုများ ပေါ်ပေါက်  ဆိုင်ကယ်(၁)စီးဖြင့် မသင်္ကာဖွယ်တွေ့ရှိ သူများအား စစ်ဆေးရာမှ လုယက်မှုများ ပေါ်ပေါက် Reviewed by သစ်ထူးလွင် on 15:08 Rating: 5
Powered by Blogger.