လုံခြုံရေးစခန်းနှင့် ရွာတစ်ရွာကို ဘင်္ဂါလီများ လူစုလူဝေးနှင့် ၀ိုင်း၍ သေနတ်ဖောက်လူစုခွဲ

 ဇွန်လ ၁၉ ရက်ညက မောင်တောမြို့နယ်ရှိ လုံခြုံရေး ကင်းစခန်းတစ်ခုနှင့် ကျေးရွာတစ်ရွာကို ဘင်္ဂါလီလူမျိုးများ လူစုလူဝေးဖြင့် လာရောက်ဝိုင်းဝန်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုးပေါ်သေနတ်ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း သတင်းရရှိသည်။


ဘင်္ဂါလီလူမျိုးများက လူစု လူဝေးဖြင့် ရွှေရင်အေးကျေးရွာ သို့ တစ်ကြိမ်၊ အလယ်သံကျော် ကင်းစခန်းသို့ တစ်ကြိမ်ဝိုင်းဝန်း လာမှုကြောင့် မိုးပေါ်သေနတ် ထောင်ကာခြောက်လှန့်ပစ်ခတ်၍ ဟန့်တားခဲ့ရခြင်းဖြစ်ကြောင်း နယ် ခြားစောင့်ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူအရာရှိတစ်ဦးက အတည်ပြုပြောဆိုခဲ့သော်လည်း အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိပေ။

ရွှေရင်အေးကျေးရွာမှ ရခိုင် လူမျိုးအချို့  အနီးဝန်းကျင်တွင် ဖားရှာထွက်ရာ ဘင်္ဂါလီလူမျိုးများ လူစုလူဝေးဖြင့် ၀ိုင်းဝန်းလာ၍ရွာထဲသို့ပြေးဝင်ခဲ့သော်လည်း အနောက်မှ ဆက်လက်လိုက်ပါလာမှုကြောင့်  လုံခြုံရေးကင်းစခန်းက သေနတ်မိုးပေါ်ထောင်၍ ငါးချက်ခန့် ပစ်ဖောက်လူစုခွဲခဲ့ရကြောင်း အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးဗဟိုဌာန (ECC)  အဖွဲ့ဝင် ဦးသန်းထွန်းကပြောသည်။

 ယင်းဖြစ်စဉ်အပြီး မကြာမီ ည ၉ နာရီခွဲခန့် တွင်လည်း ရွှေရင်အေးရွာအနီးရှိ အလယ်သံကျော်ကျေးရွာလုံခြုံရေးကင်းစခန်းသို့ ဘင်္ဂါလီလူမျိုးရာနှင့် ချီ၍ လက်နှိပ်ဓာတ်မီးများဖြင့် ထိုးကာ ၀ိုင်းလာခြင်းကြောင့် မိုးပေါ်သို့ သေနတ်ပစ်ဖောက်ဟန့်တားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

 ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးကမူ ဖြစ်စဉ် နှစ်ခုကို အတည်ပြုခဲ့သော်လည်း အသေးစိတ်နှင့် ပတ်သက်၍မူ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ကြောင်းပြောသည်။

‘‘ကင်းစခန်းအနားမှာ လူစု လူဝေးလာလို့ မိုးပေါ်ပစ်ပြီး လူခွဲရတယ်လို့ သိရတယ်’’ဟု ဆိုသည်။

အဆိုပါကိစ္စများနှင့် ပတ် သက်၍ ရခိုင်ပြည်နယ်အစိုးရအ ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာသို့ စုံစမ်းမေးမြန်းနေဆဲဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြန်လည်ဖြေကြားသည်။

၁၉၉၈ နှင့် ၁၉၈၈ ခုနှစ်များတွင်  ဘင်္ဂါလီလူမျိုးများမောင်တောဒေသကို သိမ်းပိုက်ရန် ကြိုးစားခဲ့ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအ၀င် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဟန့်တားနိုင်ခဲ့ကြောင်း ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။

By အောင်ခိုင်
7DAY DAILY

http://7daydaily.com/story/13728#.U6TS0Si8RnE


လုံခြုံရေးစခန်းနှင့် ရွာတစ်ရွာကို ဘင်္ဂါလီများ လူစုလူဝေးနှင့် ၀ိုင်း၍ သေနတ်ဖောက်လူစုခွဲ   လုံခြုံရေးစခန်းနှင့် ရွာတစ်ရွာကို ဘင်္ဂါလီများ လူစုလူဝေးနှင့် ၀ိုင်း၍ သေနတ်ဖောက်လူစုခွဲ Reviewed by သစ်ထူးလွင် on 07:06 Rating: 5
Powered by Blogger.