ပေါင်ပုပ်၊ လက်ပုပ်နှင့် လည်ချောင်း ကွဲ ရောဂါ ကြောင့် နွားရှစ်ကောင် သေဆုံး

ဗန်းမောက်မြို့နယ်၊ ကျောက်တန်းရွာတွင် ပေါင်ပုပ်၊ လက်ပုပ်ရောဂါနှင့် လည်ချောင်းကွဲရောဂါကြောင့်
မေလ ၅ ရက်က နွားရှစ်ကောင် သေဆုံးသွားကြောင်း သတင်းရရှိသည်။

နွားများ သေဆုံးကြောင်း သိရသဖြင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးရာ အထက်ဖော်ပြပါ ရောဂါများကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

သေဆုံးသွားသော နွားများကို စနစ်တကျမြေမြှုပ်ခဲ့ပြီး ရောဂါကူးစက်မှု မရှိစေရန် ထိုရွာရှိ နွားများကို ကာကွယ်ဆေး ထိုးခဲ့ကြောင်း သတင်းရရှိသည်။

Author: မျိုးမင်းဦး

7Day Daily


ပေါင်ပုပ်၊ လက်ပုပ်နှင့် လည်ချောင်း ကွဲ ရောဂါ ကြောင့် နွားရှစ်ကောင် သေဆုံး ပေါင်ပုပ်၊ လက်ပုပ်နှင့် လည်ချောင်း ကွဲ ရောဂါ ကြောင့် နွားရှစ်ကောင် သေဆုံး Reviewed by သစ်ထူးလွင် on 10:11 Rating: 5
Powered by Blogger.