ရာသီဥတုပူပြင်းခြင်းကြောင့် အစာအဆိပ်သင့်မှု ပိုမိုဖြစ်ပွားနိုင်


ရာသီဥတုပူပြင်းလာမှု ကြောင့် အဆိပ်ဖြစ်စေနိုင်သော ဘက်တီးရီးယားပိုးမွှားများပိုမို ပေါက်ဖွားကာ အေးခဲမထားသော အစားအစာများ စားသုံးမိပါက အစာအဆိပ်သင့်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဆေးပညာအသိုင်း အ၀ိုင်းမှ သတင်းရရှိသည်။

‘‘ရာသီဥတုပူလာတော့ ရေခဲမရှိတဲ့ နေရာတွေမှာ အစာထဲက အဆိပ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီး ယားတွေ ပေါက်ဖွားနိုင်ဖို့ အရမ်း မြန်တယ်။ အေးနေရင် နည်း တယ်။ ရေခဲသေတ္တာမရှိတဲ့နေရာ တွေဆိုရင် အစားအစာတွေက ချက်ပြုတ်ပြီးရင် ချက်ချင်းစားနိုင် မှ နို့မို့ဆိုရင် အချဉ်ဖောက်ပြီး အစာအဆိပ်သင့်နိုင်ပါတယ်’’ ဟုအထွေထွေရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးမင်းက ပြော သည်။

အလှူများတွင် ကျွေးမွေး ရန်အတွက် တစ်ရက်ကြိုတင်ကာ ချက်ထားခြင်းများကြောင့် ရာသီ ဥတုပူပြင်းနေချိန်တွင် အချဉ် ဖောက်ကာ အစာအဆိပ်သင့်ခြင်း များဖြစ်နိုင်ပြီး ဘက်တီးရီးယား များမှ စွန့်ထုတ်လိုက်သော အညစ်အကြေးနှင့် အပူဒဏ်ကို ခံနိုင်ပြီး အဆိပ်ကို မပျက်စီးစေနိုင်သော ဘက်တီးရီးယားများရှိ အဆိပ်များ ကြောင့် ယခုကဲ့သို့ အဆိပ်သင့်ခြင်းဖြစ်သည်။

ထို့ကြောင့် ချက်ပြုတ်သူများ အနေဖြင့် ရေခဲသေတ္တာများထဲ၌ အစားအစာများ သိုလှောင်မည် ဆိုပါက သုညအမှတ်အထိ အေးခဲအောင် ထားရှိရမည်ဖြစ် ကြောင်း၊ ချက်ပြုတ်ပြီးစီးပါက လည်း ချက်ချင်းစားသုံးရန် လို အပ်ကြောင်း၊ အစားအစာများကို ရေခဲသေတ္တာထဲတွင် အချိန်ကြာ မြင့်စွာ သိုလှောင်မထားရန်၊ မီးမ ပျက်စေရန် သတိထားခြင်း၊ အ ဆိုပါအစားအစာများအား သွင်း  လိုက်၊ထုတ်လိုက်  မပြုလုပ်ကြ ရန် လိုအပ်ကြောင်းနှင့် ချက်ပြုတ် ရာ၌လည်း အပူချိန်ပြင်းပြင်းဖြင့် ချက်ပြုတ်ရမည်ဖြစ်ကြောင်း ဆရာဝန်များက အကြံပြုသည်။

‘‘အပူချိန်က ဒီလောက်ပြင်း နေတာ။ ညကတည်းက ချက်ထားတဲ့ ဟင်းတွေဆို နောက်နေ့မနက်ထိကို ဘယ်လိုလုပ်ခံမှာလဲ။ ချက် ချင်းစားဖို့လိုတယ်။ နှမြောပြီး တော့ နောက်ရက်မှစားတာတွေ က ကျန်းမာရေးဆိုးကျိုးတွေ အ များကြီးဖြစ်လာနိုင်ပါတယ်’’ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ အထွေ ထွေရောဂါကုဆရာဝန် ဒေါက် တာအောင်ကပြောသည်။

ကရင်ပြည်နယ်အများစု တွင် နေ့အပူချိန်များမြင့်တက်ပြီး ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း ၁၃ အထက်ရှိနေမှုများကြောင့် မြ၀တီမြို့တွင် ဧပြီ ၁၉ ရက်က အစောပိုင်းကတည်းက ချက်ထား သော ထမင်းဟင်းများကို ညနေ အလှူတွင် ကျွေးရာမှ အလှူလာ စားသူ ၁၆၅ ဦးအစာအဆိပ်သင့်ခဲ့ သည်။

အလားတူသဲကုန်းမြို့နယ်ရှိ  ရွာသစ်ကျေးရွာတွင် ဧပြီ ၂၁ ရက် နေ့ နံနက်ပိုင်း အလှူပွဲတစ်ခု၌ နို့ စိမ်းခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေး ရာမှ အစာအဆိပ်သင့်သဖြင့် လူ နာ ၁၆၀ ၀န်းကျင်မှာ သဲကုန်း ဆေးရုံကြီး၌ ဆေးကုသမှုခံယူ နေကြောင်း သတင်းရရှိသည်။

Author: ယမင်း

7DAY DAILY

အစာအဆိပ်သင့်သူများ ပိုက်တန်းလန်းနှင့် ကုသမှုခံယူနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ−လှထွန်း)

ရာသီဥတုပူပြင်းခြင်းကြောင့် အစာအဆိပ်သင့်မှု ပိုမိုဖြစ်ပွားနိုင် ရာသီဥတုပူပြင်းခြင်းကြောင့် အစာအဆိပ်သင့်မှု ပိုမိုဖြစ်ပွားနိုင် Reviewed by သစ်ထူးလွင် on 15:23 Rating: 5
Powered by Blogger.