မန်းရွှေမြို့တော် ယာဉ်မောင်းအိပ်ငိုက်၍ လမ်းလယ်ကျွန်း ကပ်တုံးများအား တိုက်မိ


နေပြည်တော်၊ ဧပြီ ၁၄

၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် ပဲခူးတိုင်း ဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၆၈/၀-၁)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်မှ မန္တလေးသို့ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပုလဲမြို့နယ်၊ သာယာကုန်းရွာနေ မျိုးမြင့်ဟိန်း(ခ)စိုးစိုး(၂၆)နှစ်မောင်းနှင်လာသည့် ၈ည/xxxx မန်းရွှေမြို့တော်ခရီးသည်တင် ဖြူမီးခိုးကြားရောင်မှန်လုံယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံးများအား ၀င်ရောက်တိုက်မိခဲ့ကြောင်းသိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် မန္တလေးတိုင်း ဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဇီးကျေးရွာနေ ယာဉ်နောက်လိုက် ရဲမျိုးအောင်(၂၃)နှစ်မှာ ယာဉ်ပေါ်မှ ပြုတ်ကျပြီး ကပ်ပယ်အိတ် ဖူးရောင်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီးယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ရှေ့ခေါင်းပိုင်းကြေမွ၊ ၀ဲရှေ့ဘီးကျွတ်၊ တန်ဘိုးငွေကျပ်သိန်း(၂၀)ခန့် ပျက်စီးဆုံးရှုံး ခဲ့သောကြောင့် မျိုးမြင့်ဟိန်း(ခ)စိုးစိုးအား သာဂရအမြန်လမ်း ရဲစခန်း ယာဉ်(ပ)၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်



မန်းရွှေမြို့တော် ယာဉ်မောင်းအိပ်ငိုက်၍ လမ်းလယ်ကျွန်း ကပ်တုံးများအား တိုက်မိ မန်းရွှေမြို့တော် ယာဉ်မောင်းအိပ်ငိုက်၍ လမ်းလယ်ကျွန်း ကပ်တုံးများအား တိုက်မိ Reviewed by သစ်ထူးလွင် on 19:33 Rating: 5
Powered by Blogger.