ရခိုင်ပြည်နယ်မှ မွတ်စလင်မိသားစု ၆၀၀၀ ကျော် ဘင်္ဂါလီအဖြစ် သတ်မှတ်မှု လက်ခံသဘောတူ


ရန်ကုန်၊ ဧပြီ-၂၃

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်၌ နေထိုင်ကြသော မွတ်စလင် ထောင်ပေါင်း များစွာတို့သည် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အကြိမ် ပြုလုပ်ခဲ့သည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပွဲ၌ ဘင်္ဂါလီဟူသော အမည်ဖြင့် ပါဝင်စာရင်းပေးရန် သဘောတူ လက်ခံခဲ့ကြကြောင်း အစိုးရ တာဝန်ရှိသူ တစ်ဦးက ဧပြီ ၂၃ ရက်တွင် ပြောကြားသည်။

ဘင်္ဂါလီများကို ရိုဟင်ဂျာဟူ သောအမည်ဖြင့် သန်းခေါင်စာရင်းကောက်ယူ ခဲ့ပါက ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူပွဲကို သပိတ်မှောက် မည်ဖြစ်ကြောင်း ဌာနေ တိုင်းရင်းသား ရခိုင်လူမျိုးများက ခြိမ်းခြောက်ထားရာ သန်းခေါင်စာရင်း မျိုးနွယ်စုစာရင်းမှ ရိုဟင်ဂျာဟူသော အမည်ကို မြန်မာအစိုးရက ပြန်လည်ပယ်ဖျက်ပေးခဲ့ရသည်။

သို့ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီမိသားစု ၆၀၀၀ ကျော်တို့သည် သန်းခေါင်စာရင်းကောက်ယူရာတွင် ၎င်းတို့၏ လူမျိုးနေရာတွင် ဘင်္ဂါလီဟူ၍ သာ စာရင်းသွင်းရန် တာဝန်ရှိသူများအား ပြောကြားခဲ့ကြောင်း သိရသည်။ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှု အခွင့်အရေးကို လွဲချော်ခဲ့ပါက ၎င်းတို့သာ နစ်နာမည့် အရေးကို ဘင်္ဂါလီမိသားစုများက နားလည် သဘောပေါက်ထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင်ရေးဦးစီးဌာန တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

မူလက ရခိုင်ပြည်နယ်အနောက်ပိုင်းမှ မွတ်စလင်များသည် မတ် ၃၀ ရက်မှ စတင်၍ ဧပြီ ၁၀ ရက်အတွင်း ပြုလုပ်ခဲ့သော ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူမှု၌ လူမျိုးနေရာတွင် ဘင်္ဂါလီအဖြစ် ထည့်သွင်းရမည်ဆိုပါက သန်းခေါင်စာရင်း ကောက်ယူမှုအစီ အစဉ်တွင် ပါဝင်မည် မဟုတ်ကြောင်း ငြင်းဆိုထားခဲ့ကြသည်။

ဘင်္ဂါလီလူမျိုးများအဖြစ် သတ်မှတ်ခံရခြင်းဖြင့် ရခိုင်ပြည်နယ်မှ မွတ်စလင်များသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမဲပေးခွင့် အပါအ၀င် အခွင့်အရေး အချို့ရမည်ဖြစ်သော် လည်း နိုင်ငံသားအဖြစ် ရပ်တည်ခွင့် ရဦးမည် မဟုတ်ပေ။

စံတော်ချိန် နေ့စဉ်သတင်းစာ


ရခိုင်ပြည်နယ်မှ မွတ်စလင်မိသားစု ၆၀၀၀ ကျော် ဘင်္ဂါလီအဖြစ် သတ်မှတ်မှု လက်ခံသဘောတူ ရခိုင်ပြည်နယ်မှ မွတ်စလင်မိသားစု ၆၀၀၀ ကျော် ဘင်္ဂါလီအဖြစ် သတ်မှတ်မှု လက်ခံသဘောတူ Reviewed by သစ်ထူးလွင် on 16:19 Rating: 5
Powered by Blogger.