တရားမ၀င်လိင်စိတ်ကြွ ဆေးဝါးများ ဖမ်းဆီး


ရန်ကုန်၊ ဧပြီ ၁၂

၁၂.၄.၂၀၁၄ရက်နေ့ ၁၀၅၀အချိန် ကျောက်တံတားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တရားမ၀င် လိင်စိတ်ကြွ ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ ကျောက်တံတားမြို့နယ်၊ (၂)ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့် (၃၅)လမ်းကြား၊ အနော်ရထာလမ်း ပလက်ဖောင်းပေါ်သို့ သွားရောက် ရှာဖွေရာမင်္ဂလာတောင်ညွန့်မြို့နယ်နေ ကိုတင့်(ခ)တင်အောင်ဦးအား တရားမ၀င်လိင်စိတ်ကြွ ဆေးဝါးများနှင့်အတူ ရောင်းချနေစဉ် ဖမ်းဆီးရမိ ခဲ့သဖြင့် ကျောက်တံတားမြို့မရဲစခန်း(ပ) ၁၄၈/၂၀၁၄၊ အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ဖြင့်အမှုဖွင့်အရေးယူခဲ့ပါသည်။

အလားတူ ၁၁၄၅အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကန်အရှေ့ရပ်ကွက်နေ ဦးအောင်မြင့်၏ ဆေးဆိုင်သို့ ၀င်ရောက်ရှာဖွေရာ တရားမ၀င် လိင်စိတ်ကြွဆေးဝါးများ သိမ်းဆည်းရမိသဖြင့် ဦးအောင်မြင့်အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ) ၂၁၉/၂၀၁၄၊ အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

အလားတူ ၁၀၁၅အချိန်တွင် တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တရားမ၀င်လိင်စိတ်ကြွဆေးဝါးများ ရောင်းချနေကြောင်းသတင်းအရတာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ပရမ်းလမ်းဘေး ပလက်ဖောင်းသို့ သွားရောက်ရှာဖွေရာ တရားမ၀င်လိင်စိတ်ကြွဆေးဝါးများအား ရောင်ချရန်ခင်းကျင်းထားသည်ကို တွေ့ရှိသိမ်းဆည်းရမိသဖြင့် အဆိုပါ ဆေးဝါးများရောင်းချသူ (စုံစမ်းဆဲ)အားအမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police



တရားမ၀င်လိင်စိတ်ကြွ ဆေးဝါးများ ဖမ်းဆီး တရားမ၀င်လိင်စိတ်ကြွ ဆေးဝါးများ ဖမ်းဆီး Reviewed by သစ်ထူးလွင် on 22:14 Rating: 5
Powered by Blogger.