ကေအိုင်အိုက ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရကို ကမ်းလှမ်း


ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) က ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် မေလ ၁၀ ရက် တွင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့၌ ငြိမ်းချမ်းရေးအတွက် တွေ့ ဆုံဆွေးနွေးရန် ဧပြီ ၂၉ ရက်က အကြောင်းကြားလာကြောင်း သ တင်းရရှိသည်။

‘‘နောက်ရက်တွေမှ အ ကြောင်းပြန်ပါလိမ့်မယ်။ NCCT (တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေး ညှိနှိုင်းရေးအဖွဲ့) နဲ့ ဆွေးနွေး ပွဲမတိုင်ခင်တော့ တွေ့ဖြစ်မယ် ထင်ပါတယ်’’ ဟု မြန်မာ့ငြိမ်းချမ်း ရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြော သည်။

‘‘ဆွေးနွေးပွဲတုန်းက ကတိ မတည်တာတွေကို ပြန်လည် ထောက်ပြမယ်။ ဘယ်လိုဆက် လုပ်မယ်ဆိုတာ ဆွေးနွေးမယ်။ အစိုးရက မှားတာကို ထောက်ပြ မယ်။ KIA ဘက်က မှားတာကို လည်းထောက်ပြပြီး အဖြေရှာဖို့ ပါ’’ဟု KIA မှ ထိပ်ပိုင်းအရာရှိ တစ်ဦးက ပြောသည်။

ကချင်လွတ်မြောက်ရေးအ ဖွဲ့မှ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီ ဒုတိယဥက္ကထံ ပေးပို့သည့်စာတွင် နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း ဖြစ်ပျက်သွားသော အခြေအနေအရပ်ရပ်ကို နှစ်ဦးနှစ်ဖက် တွေ့ဆုံ၍ အမြင်သဘောထား ဖလှယ်ခြင်း၊ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခြင်းများ ပြုလုပ်လို၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုမိုအဆင်ပြေစေနိုင်မည်ဟု KIO က ယုံကြည်ပါသည်ဟု ဖော်ပြပါရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မ တီနှင့် တွေ့ဆုံဆွေးနွေးရာတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ဗီဂျေနမ်ဘီးယား၊တရုတ်နိုင်ငံဆိုင်ရာ အာဆီယံအထူးအရာရှိ မစ္စတာဝမ်ယင်ဖန်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UN-FC) မှ ခေါင်းဆောင်များ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့နှင့် အခြားလေ့လာသူများအား ဖိတ်ကြားသွားမည်ဖြစ်ကြောင်းလည်း KIOက ပေးပို့သည့်စာတွင် ဖော်ပြပါရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီနှင့် KIO အဖွဲ့တို့သည် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ ကချင်ပြည်နယ် မြစ် ကြီးများမြို့၌ နောက်ဆုံးဆွေး နွေးခဲ့သည်။ ဧပြီ ၁၀ ရက်မှ စ တင်၍ ဧပြီလ နောက်ဆုံးပတ်အ ထိ ကချင်ပြည်နယ်တွင် အစိုးရ တပ်များနှင့် ကေအိုင်အေတို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေ သည်။

Author: အောင်သူရ / အောင်ခိုင် / မရန်

7Day Daily

အစိုးရတပ်နှင့် ကေအိုင်အေကြား စစ်ပွဲများကြောင့် နေရပ်ရွှေ့ပြောင်းနေရသော စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ် (ဓာတ်ပုံ − JADE LAND)

ကေအိုင်အိုက ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရကို ကမ်းလှမ်း ကေအိုင်အိုက ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရကို ကမ်းလှမ်း Reviewed by သစ်ထူးလွင် on 15:28 Rating: 5
Powered by Blogger.