၎ တန်းနှင့် ၈ တန်း အစိုးရစစ်စာမေးပွဲစနစ် ပြောင်းလဲရေး ဆွေးနွေး


အခုလာမယ့် ၂၀၁၄ -၂၀၁၅ ပညာသင်နှစ်မှာ အခြေခံပညာ စတုတ္ထတန်းနဲ့ အဌမတန်းကို ယခင်က ကျင့်သုံးနေတဲ့ ကျောင်းစစ်စာမေးပွဲဖြေဆိုမှုပုံစံအစား အစိုးရစစ်အဖြစ်ပြောင်းဖို့ ဆွေးနွေးနေကြတယ်လို့ အမှတ် ၂ အခြေခံပညာဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးချစ်ဆွေက ပြောပါတယ်။

အခုချိန်မှာ တိကျတဲ့ ဆုံးဖြတ်ချက်ချမချနိုင်သေးဘဲ လက်ရှိသွားနေတဲ့ မြန်မာနိုင်ငံ ရဲ့  ပညာရေးမူဝါဒနဲ့ ချင့်ချိန်ပြီး ပြန်သုံးသပ်နေ ဆဲ ဖြစ်ကြောင်း နဲ့ လာမယ့်မေလမှာ ကျင်းပဖို့ရှိတဲ့ ပညာရေးဆွေး နွေးပွဲကျရင် ဆုံးဖြတ်ချက် ချမှတ်နိုင်တယ်လို့ ပြော ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်ကစပြီး ပညာရေး ၀န်ကြီးဌာနက မအောင်မနေရ ပညာရေးကနေ ကျောင်းသားတွေ အမှန်တကယ် အရည်အချင်းရှိအောင် အမှတ်ပေး စနစ် ပြောင်းလိုက်တာကြောင့် အခုနှစ် စာမေးပွဲအောင်စာရင်းမှာ အခြေခံပညာကျောင်းသားတွေ  အတန်းကျရှုံးမှု ပိုများလာပါတယ်။

By ဒီဗွီဘီ


၎ တန်းနှင့် ၈ တန်း အစိုးရစစ်စာမေးပွဲစနစ် ပြောင်းလဲရေး ဆွေးနွေး ၄ တန်းနှင့် ၈ တန်း အစိုးရစစ်စာမေးပွဲစနစ် ပြောင်းလဲရေး ဆွေးနွေး Reviewed by သစ်ထူးလွင် on 16:15 Rating: 5
Powered by Blogger.