ရခိုင်တပ်မတော် ခေါင်းဆောင်အချို့ စီးနင်းလာသော လိုင်စင်မဲ့ ကားသုံးစီးကို ဖမ်းဆီး


ရခိုင်တိုင်းရင်းသား ညီ လာခံ  တက်ရောက်ရန် မြ၀တီ မြို့မှ  ထွက်ခွာလာသော  ရခိုင်တပ်မတော် (AA) မှ  ခေါင်း ဆောင်အချို့ စီးနင်းလာသည့် ကားသုံးစီးမှာ လိုင်စင်မဲ့ကားများ ဖြစ်နေသဖြင့် ထောက်ကြန့်ရဲ စခန်းတွင်  ဧပြီလ ၂၅ ရက်က ဖမ်းဆီးထားကြောင်း သတင်းရရှိ သည်။

‘‘သူတို့ကို မင်္ဂလာဒုံယာဉ် ထိန်းရဲတပ်ဖွဲ့ကနေ စစ်ဆေးရေး လုပ်နေတုန်း ဖမ်းလိုက်တာပါ။ အမှုကို   စစ်ဆေးနိုင်ဖို့အတွက် ကားတွေကို  ကညနမှာ စစ်နေပါ တယ်။ ကညနက စစ်ပြီးမှပဲ ဘယ် လို   အရေးယူသွားမလဲဆိုတာ ပြောနိုင်မှာပါ’’ ဟု ထောက်ကြန့် မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ် ဦးက ပြောသည်။

ဖမ်းဆီးစစ်ဆေးနေသော ကားမှာ ဟွန်ဒါဖစ်အမျိုးအစား သုံးစီးဖြစ်ပြီး ရခိုင်တပ်မတော် (AA) မှ ဗိုလ်ကြီးခိုင်ထွန်းလင်း ဦးဆောင်လာခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း သွားလာရာတွင် လိုင်စင်မဲ့ကားစီး ခြင်း၊ သေနတ်ကိုင်ဆောင်ခြင်း နှင့် ယူနီဖောင်းများ ၀တ်ဆင်၍ သွားလာခြင်း မပြုရန် ရန်ကုန် တိုင်းဒေသကြီး နယ်/လုံဝန်ကြီးက ရန်ကုန်အခြေစိုက်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ဧပြီလအတွင်း တွေ့ဆုံပြောကြားခဲ့ သည်။

လိုင်စင်မဲ့ ကားစီးခြင်း၊ လက်နက်ကိုင်ဆောင်ခြင်းနှင့် ယူနီဖောင်းဝတ်ဆင်ခြင်းများ ပြုလုပ်သည်ကို တွေ့ရှိပါက တည်ဆဲ ဥပဒေအရ အရေးယူသွားမည်ဖြစ် ကြောင်းလည်း တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

အစိုးရနှင့် အပစ်အခတ် ရပ် စဲရေးသဘောတူထားသော တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များ လုပ်ငန်းအသုံးပြုရန် အစိုးရက အဆိုပါအဖွဲ့များ စီးနင်းနေသော လိုင်စင်မဲ့ကားအချို့ကို လိုင်စင်ပြု လုပ်ပေးခဲ့သည်။

ရခိုင်တပ်မတော် (AA) အဖွဲ့အနေဖြင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု မရရှိသေးသော်လည်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပြုလုပ်မည့် ရခိုင်အမျိုးသားညီလာခံသို့ တက်ရောက်ရန် ခွင့်ပြုပေးထားသည်။

ရခိုင်အမျိုးသားညီလာခံကို ဧပြီ ၂၇ ရက်မှ မေလ ၁ ရက်အထိ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကျင်းပမည်ဖြစ်သည်။

Author: အောင်သူရ / အောင်သစ်လွင်

7Day Daily

ရခိုင်အမျိုးသား ညီလာခံသို့ တက်ရောက်မည့် ရက္ခိုင့်တပ်မတော်အဖွဲ့ ကျောက်ဖြူသို့ ရောက်ရှိလာစဉ်။ ဓါတ်ပုံ - Arakan Times

ရခိုင်တပ်မတော် ခေါင်းဆောင်အချို့ စီးနင်းလာသော လိုင်စင်မဲ့ ကားသုံးစီးကို ဖမ်းဆီး ရခိုင်တပ်မတော် ခေါင်းဆောင်အချို့ စီးနင်းလာသော လိုင်စင်မဲ့ ကားသုံးစီးကို ဖမ်းဆီး Reviewed by သစ်ထူးလွင် on 10:22 Rating: 5
Powered by Blogger.