နိုင်ဂျီးရီးယား ကျောင်းသူ တစ်ရာကျော် ဖမ်းဆီးခံရ


နိုင်ဂျီးရီးယား ​နိုင်ငံ ​အရှေ့မြောက်ပိုင်းက ​မိန်းကလေး ဘော်ဒါ ဆောင်တခုကို ​အစ္စလာမ်မစ် ​စစ်သွေး ကြွတွေက ​၀င်ရောက်စီးနှင်းခဲ့ပြီး ​ကျောင်းသူ ​တစ်ရာကျော်ကို ​ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပါတယ်။

အဲဒီ ​သေနတ်သမား တွေဟာ ​ညသန်းခေါင်ယံ အချိန်မှာ ​ဘော်ဒါဆောင်ကို ​ရောက်လာခဲ့ပြီး ​လော်ရီ ​ကုန်တင်ကား ​အပြင် ​ဘက်စ်စကား ​တစီးနဲ့ ​တောနက်ထဲကို ​မောင်းနှင် ​ခေါ်ဆောင် ​သွားခဲ့ပါတယ်။

နိုင်ဂျီးရီးယား ​အရှေ့မြောက်ပိုင်းက ​ဘော်နိုပြည်နယ်ဟာ ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေ ​ကြီးစိုးတဲ့ ​ဒေသဖြစ်ပါတယ်။

မော်တော်ယာဉ် ​စက်ချို့ယွင်းလို့ ​ကားနှေးသွားတဲ့ ​အချိန်မှာ ​ကျောင်းသူလေးတချို့ဟာ ​ကားပေါ်က ​ခုန်ချ ​ပြီး ​တောထဲမှာ ​ပုန်းခိုကာ ​မိုးလင်းတဲ့ ​အချိန်ကျမှ ​အိမ်ပြန်ခဲ့ကြတယ်လို့ ​လွတ်မြောက်လာတဲ့ ​ကျောင်းသူတွေထဲက ​တယောက်က ​ပြန်လည် ပြောပြခဲ့ပါတယ်။

ABC Radio Australia

အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကိုဟာရမ် အဖွဲ့ (Credit: ABC) 


နိုင်ဂျီးရီးယား ကျောင်းသူ တစ်ရာကျော် ဖမ်းဆီးခံရ နိုင်ဂျီးရီးယား ကျောင်းသူ တစ်ရာကျော် ဖမ်းဆီးခံရ Reviewed by သစ်ထူးလွင် on 07:47 Rating: 5
Powered by Blogger.