သတင်းထောက်တွေ လွတ်မြောက်ရေး ဆန္ဒပြခွင့် ပြည်မြို့မှာ ပယ်ချခံရ


အစိုးရရုံးတွေမှာ လွတ်လပ်စွာသတင်းယူခွင့်ရှိဖို့နဲ့ အကျဉ်းကျနေတဲ့ သတင်းထောက်တွေအားလုံး လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆို ဖို့ ပြည်မြို့ဒေသခံ သတင်းထောက်တွေက ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ခွင့်ပြုချက်တောင်းခံရာ ငြင်းပယ်ခံလိုက်ရပါတယ်။

ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ခွင့်မပြုပေမဲ့ မိမိတို့အနေနဲ့ ဆန္ဒပြတောင်းဆို သွားမယ်လို့ ဆန္ဒပြခွင့် တောင်းခံခဲ့ တဲ့ ပြည်မြို့ခံသတင်းထောက် ကိုရေခဲ က ပြောပါတယ်။

"မြန်မာနိုင်ငံရဲ့ လျို့ဝှက်ချက်ဥပဒေအရ ပြဌါန်းထားတဲ့ဥပဒေများကို တိကျစွာ လိုက်နာဆောင်ရွက်နေရပါတယ် မလိုလားအပ်တာတွေ ပေါ်ပေါက် လာမှာဖြစ်တဲ့အတွက် ဆန္ဒဖော်ထုတ်မှုကိုငြင်းပယ်ပါတယ်ဆိုပြီးတော့ ကျနော်တို့ကို ခွင့်မပြုကြောင်းအကြောင်းပြန်တယ်၊ ဆန္ဒဖော်ထုတ် ခွင့်ကို ငြင်းရုံတင်မကဘူး အစိုးရဌါနဆိုင်ရာရုံးတွေမှာ ဘယ်တော့မှ သတင်းတင်းယူခွင့်မရှိပါဘူးဆိုတဲ့ ပုံစံမျိုးပြောလိုက်တာပဲ၊အဲံဒီငြင်းပယ်တိုင်း ကို ကျနော်တို့က လက်မခံဘူး၊ပုဒ်မ ၁၈ နဲ့ တရားစွဲသည်ဖြစ်စေ ၊မစွဲ သည်ဖြစ်စေ ကျနော်တို့က လုပ်သွားမှာပါ"

ဆန္ဒပြခွင့်ကို ဧပြီလ ၁၉ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ခွင့်ပြုမိန့်တင်ခဲ့တာဖြစ်ပြီး မနေ့ည ဧပြီ လ၂၂ရက်နေ့မှာ ကန့်ကွက်ကြောင်း အကြောင်းပြန်စာရရှိခဲ့တာ ဖြစ်ပါတယ်။

ထောင်ဒဏ် ၁ နှစ်ကျခံနေရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းထောက် ကိုဇော်ဖေ နဲ့ သတင်းထောက်တွေအားလုံးလွှတ်ပေးဖို့ သတင်းထောက်တွေက လာမယ့် ဧပြီလ ၂၅ ရက်နေ့မှာ တောင်းဆို ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့မှာတော့ လာမယ့် ၂၅ ရက်နေ့အတွက် ဆန္ဒပြခွင့်တောင်းခံရာမှာ ခွင့်ပြုချက်ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese


သတင်းထောက်တွေ လွတ်မြောက်ရေး ဆန္ဒပြခွင့် ပြည်မြို့မှာ ပယ်ချခံရ သတင်းထောက်တွေ လွတ်မြောက်ရေး ဆန္ဒပြခွင့် ပြည်မြို့မှာ ပယ်ချခံရ Reviewed by သစ်ထူးလွင် on 02:39 Rating: 5
Powered by Blogger.