ကချင်စစ်ပြေး ဒုက္ခသည်များ နေရာထပ်မံရွှေ့ပြောင်းရ


စနေနေ့၊ ဧပြီလ ၁၂ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။            ။ ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် အစိုးရတပ်တို့အကြား ကချင်ပြည်နယ်၊ မန်စီမြို့နယ် တဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဧပြီလ ၁၂ ရက်၊ ညနေ ၅ နာရီ ခန့်တွင် တိုက်ပွဲ ဧရိယာမှ တပ်သားများ လဂယန်ရှိ ကယ်ဆယ်ရေးစခန်း အနီးတွင် ၀င်ရောက်ပစ်ခတ်မှုများ ပြုလုပ်သဖြင့် စခန်းနေထိုင်သူများ မန်ဝိုင်းကြီးကျေးရွာ အုပ်စုသို့ ထပ်မံ ရွေ့ဆိုင်းခဲ့ရသည်ဟု ကယ်ဆယ်ရေး တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

တာဝန်ခံတစ်ဦးဖြစ်သည့် ကိုနော်ဒင့်က “အခုမန်ဝိုင်းကြီးကို ထပ်ပြီး ရွေ့ပြောင်းလာကြပြီ၊ ဒါပေမယ့် ဦးရေ ဘယ်လောက်ဆိုတာ အတိအကျ မပြောနိုင်သေးဘူး၊ ပစ်ခတ်မှုထဲမှာ ထိခိုက်မှုသူတွေလည်း   ရှိတယ်၊ ဖမ်းခံလိုက်ရတာ ၆ ယောက်၊ ခုတစ်ခုခု စီစဉ်ရအောင် လုပ်နေပါတယ်" ဟု ပြောသည်။

ပြေးရှောင်လာသူများထဲမှ ၁၀၀ကျော်မှာ မန်စီမြို့နယ်အနီး၊ နမ့်ဂူရွာတွင် ခိုလှုံနေသည်ဟု ဆိုသည်။

တပ်ဘက်မှ ဖမ်းဆီးသွားသည့် ၆ ဦးမှာ ကိုဘောဆလ၊ ကိုဆိုင်းမိုင်၊ ကိုမောရှပ် ၊ ကိုမရန့်၊ ကိုတူးသံ၊ ကိုအောင်ဆန့်ပံ တို့ဖြစ်သည်ဟု ကယ်ဆယ်ရေးစခန်းများမှ တာဝန်ရှိသူများက ဆိုသည်။

ရှမ်းရွာများ ဘက်မှ စစ်ပြေးတိမ်းရှောင်လာကြပြီး တရုတ်နယ်စပ်တွင် တရုတ်အာဏာပိုင်များ စီစဉ်ပေးမှုကို စောင့်နေသူများမှာ ၁၀၀၀ နီးပါးခန့် ရှိသည်ဟု ဂရုဏာအသင်း တာဝန်ခံများက ပြောသည်။

နန်းလွင်နှင်းပွင့်
Mizzima - News in Burmese


ကေအိုင်အေနှင့် အစိုးရစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းကြောင့် မန်စီမြို့နယ်အနီး ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အသက် ၂၅နှစ်အရွယ် ကချင်အမျိုးသား ဘရန်မောသည် ဧပြီလ ၁၂ရက် ၄နာရီခန့်က ထွက်ပြေးရာမှ ဒင်္ဂါးရွာအရောက်တွင် အစိုးရဘက်မှ ပစ်ခတ်သည့် ကျဉ်ဆံထိမှန်ခဲ့သဖြင့် တရုတ်ဆေးရုံတွင် ဆေးကုသနေစဉ်။ (Photo: Ms Mary Tawm)

ကချင်စစ်ပြေး ဒုက္ခသည်များ နေရာထပ်မံရွှေ့ပြောင်းရ ကချင်စစ်ပြေး ဒုက္ခသည်များ နေရာထပ်မံရွှေ့ပြောင်းရ Reviewed by သစ်ထူးလွင် on 07:23 Rating: 5
Powered by Blogger.