မိုးကုတ်က ရွှေဆိုင်နှစ်ဆိုင်ကို အကြမ်းဖက်ဓားပြတိုက် ရန် ပြည်တွင်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လက်နက် ငှားရမ်းပေးခဲ့ဟု ဖမ်းဆီးခံရသူ များထွက်ဆို


ရန်ကုန်၊ ဧပြီ ၂၅ - မိုးကုတ်ရှိ ရွှေဆိုင်နှစ်ဆိုင်ကို အကြမ်းဖက် ဓားပြတိုက်ရန် လက်နက်ငှားရမ်းပေး ပြီး ထွက်ပြေးတိမ်းရှောင် သူ နှစ်ဦး မှာ ပြည်တွင်း လက်နက်ကိုင် အဖွဲ့ အစည်းတစ်ခုမှဖြစ်သည်ဟုဖမ်းဆီး ခံရသူ လေးဦးမှ သက်သေထွက်ဆို ထားပြီးဖြစ်ကြောင်း နေပြည်တော် ရှိ နိုင်ငံတော်လုံခြုံရေးနှင့် ထောက် လှမ်းရေးဌာနမှ ရဲအရာရှိကြီးတစ်ဦး ကပြောသည်။

ဓားပြတိုက်ရန် ၄င်းတို့လက် နက်ကိုင် အဖွဲ့အစည်းများမှ လက် နက်ငှားရမ်းပေးပြီး ထွက်ပြေးတိမ်း ရှောင်သူနှစ်ဦးမှာ ဆာအေး ၃၅ နှစ် နှင့် အိုက်ကြီး ၄၀ နှစ်တို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ကုန်းညို ရွာ၊ မိုင်းလုံမြို့နယ်ခွဲနေသူများ ဖြစ် ပြီး ၎င်းတို့သည် ရွှေဆိုင်ဓားပြတိုက် ရာတွင် အသုံးပြုသည့် ပစ္စတိုသေ နတ်နှင့် လက်နက်ခဲယမ်းများကို ၎င်းလုပ်ကိုင်နေသော လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ ယူဆောင်ခဲ့ ခြင်းဖြစ်သည်ဟု ရွှေဆိုင်ဓားပြတိုက် ရာတွင် ပါဝင်ခဲ့ကြသည် ဆိုသော ငွေထွန်း ၊ အိုက်နုတ်၊ တာလန်(ခ)အောင်ဝင်း၊ အိုက်တုတ်(ခ)အိုက် တွတ်တို့က ထွက်ဆိုထားကြောင်း မန္တ လေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။

ခိုးရာပါ ရွှေထည်ပစ္စည်းထုခွဲ သူ နှစ်ဦးကိုလည်း ဖေဖော်ဝါရီ ၂၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း၊ ဓားပြ တိုက်ရာတွင် ပါဝင် ပတ်သက်သူသုံး ဦးဟုဆိုသော အိုက်ချမ်း၊ အိုက်ထ၊ ကုမာလတို့မှာ ယခုအခါထွက်ပြေး တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရ သည်။ အဆိုပါအမှုကို မိုးကုတ်မြို့ နယ်တရားရုံးတွင် ယခုအခါ စစ်ဆေး နေဆဲဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်လုံခြုံရေးနှင့် ထောက် လှမ်းရေးမှ ရဲအရာရှိကြီးက ““ဘယ် လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ တော့ လွတ်နေတဲ့ တရားခံတွေရှိနေ သေးလို့ ပြောလို့မဖြစ်ဘူး။ ထွက်ပြေး နေတဲ့ သူသုံးဦးကိုလဲ အမြန်ဆုံးဖမ်း ဆီးနိုင်ဖို့ ဆောင်ရွက်နေ ပါတယ်””ဟု ပြောသည်။

အဆိုပါအမှုကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၃၉၆/ကျင့်ထုံး ၅၁၂ ဖြင့် မတ် ၁၇ ရက်က ခရိုင်တရား ရုံးသို့ တရားစွဲ ဆို တင်ပို့ခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့လယ်တွင် ၂၀၁၄ ဇန်န ၀ါရီ ၂၁ ရက်က နှာခေါင်း စည်းနှင့် ခေါင်း စည်း များစွပ်ထားသော လူငယ် ခြောက်ဦးက ဆိုင်ကယ်သုံးစီးအသုံး ပြုပြီး သိုဝှက်ယူဆောင်လာသော လက်နက်များဖြင့် မီးလျံရွှေဆိုင်နှင့် နဂါးရွှေဆိုင်တို့မှ ငွေကျပ်သိန်း ၅၀ အပါအ၀င် ကာလတန်ဖိုး ကျပ်သိန်း ပေါင်း ၅၅၀၀ တန်ဖိုးရှိ ရွှေထည် ပစ္စည်းများကို ဓားပြတိုက်လုယက် ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

K M Z [--Democracy today Daily Newspaper--]

Myanmar News Network



မိုးကုတ်က ရွှေဆိုင်နှစ်ဆိုင်ကို အကြမ်းဖက်ဓားပြတိုက် ရန် ပြည်တွင်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လက်နက် ငှားရမ်းပေးခဲ့ဟု ဖမ်းဆီးခံရသူ များထွက်ဆို မိုးကုတ်က ရွှေဆိုင်နှစ်ဆိုင်ကို အကြမ်းဖက်ဓားပြတိုက် ရန် ပြည်တွင်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လက်နက် ငှားရမ်းပေးခဲ့ဟု ဖမ်းဆီးခံရသူ များထွက်ဆို Reviewed by သစ်ထူးလွင် on 17:12 Rating: 5
Powered by Blogger.