သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ပြီ၊ လေးပွင့်ဆိုင်အကြို ဖြစ်မည်လော အပေးအယူ အလျှော့အတင်း မလုပ်သရွေ့ မြန်မာနိုင်ငံရေး မချောမွေ့နိုင်


ရန်ကုန် မတ် ၉

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ ညနေ ၅ နာရီတွင် နေပြည်တော် သမ္မတလယ်တောအိမ်၌ မိနစ် ၅ဝ ခန့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရ သည်။

''နိုင်ငံတော်သမ္မတနဲ့ဒေါ်အောင် ဆန်းစုကြည်တို့ နိုင်ငံကောင်းရာ ကောင်းကျိုးအတွက် တွေ့ဆုံတာ ဖြစ်ပါတယ်''ဟုသမ္မတရုံးမှတာဝန် ရှိသူတစ်ဦးက ပြည်ထောင်စုနေ့စဉ် သို့ အတည်ပြုပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးဝင်းမြင့်က ''တွေ့ဆုံတာ ကောင်းတယ်လို့တော့ ပြောလို့ရ တယ်။ ဒီမိုကရေစီခရီးမှာအေုန့သိုနမ တွေ တွေ့တာကောင်းပါ တယ်။ တိုင်းပြည်အတွက်တွေ့ကြ တာပဲ''ဟုဆိုသည်။

ယခုအချိန်တွင် လွှတ်တော်၌ အခြေခံဥပဒပြင်ဆင်ရေးဆောင် ရွက်လျက်ရှိပြီး လေးပွင့်ဆိုင်တွေ့ ဆုံရေးအတွက် ယခုလ ၆ ရက်က မီဒီယာနှင့်တွေ့ဆုံစဉ်ပြည်ထောင်စု လွှတ်တော်နာယက ကလည်း ၄င်း အနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို အလေးထားကြိုဆိုပါကြောင်း ထပ်မံပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ယနေ့တွေ့ဆုံ မှုအပေါ် ''အဓိကကတော့ သဟ ဇာတဖြစ်ရေးအတွက်ပါပဲ။ အခုလို တွေ့မှာကိုကြိုမသိပါဘူး။ နိုင်ငံရေး က တစ်ဖက်နဲ့တစ်ဖက် ပုတ်ခတ် တိုက်ခိုက်၊ ရန်စကားအမုန်းစကား တွေပြောနေလို့မရနိုင်တော့ဘူး။ အဲဒီခေတ်ကကုန်သွားပြီ။ သဟ ဇာတဖြစ်ပြီးတော့မှ မတူတာတွေ ခွဲပြီး အတူနေခြင်းပေါ့။ အယူအဆ မတူပေမယ့် ရည်မှန်းချက်ချင်းတူ တဲ့အခါအတူယှဉ်တွဲနေကြတာပေါ့။

ဒါဒီမိုကရေစီရဲ့သဘောပါပဲ၊အကျိုး ရှိပါတယ်''ဟု သုံးသပ်သည်။
အစိုးရသစ်တက်ပြီးနိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်း စုကြည်တို့ ပထမဆုံးတွေ့ဆုံခဲ့မှုက မြန်မာ့ဒီမိုကရေစီ လမ်းကြောင်း၌ မျှော်လင့်ချက်များဖြင့် အားတက် စေခဲ့သည်။ ၄င်းတို့နှစ်ဦး မကြာ ခဏတွေ့ဆုံခဲ့သည်ကိုသာ သိရပြီး ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် မည်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြသည်ကိုမူ သတင်း ထုတ်ပြန်ခြင်းမပြုခဲ့ပေ။ နိုင်ငံတော် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် ၂ဝ၁၂ခုနှစ် နှောင်းပိုင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့ ၌လည်း တွေ့ဆုံခဲ့ကြသည်။

ယနေ့တွေ့ဆုံမှုအတွက် ရုတ် တရက် အံသြမိပါကြောင်းနှင့် တောင်းဆိုထားသည့်လေးပွင့်ဆိုင် တွေ့ဆုံမှုအတွက် ပထမခြေလှမ်း ဖြစ်ပါစေဟု ဆုတောင်းကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြား သည်။
''စေ့စပ်ညှိနှိုင်းတဲ့ယဉ်ကျေးမှု က တို့နိုင်ငံမှာ မထွန်းကားခဲ့တာ နှစ်ပေါင်း ၅ဝ ကျော်ခဲ့ပါပြီ။ လေးပွင့်ဆိုင်ပဲပြောပြော၊ သုံးပွင့် ဆိုင်ပဲပြောပြော၊ သုံးပွင့်ဆိုင်ရင် တော့ ကာကွယ်ရေးဦးစီးချုပ် မပါဘူးပေါ့။ကာကွယ်ရေးဦးစီးချုပ် က သမ္မတရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတာကိုး။ ဒီလိုတွေ့တယ်ဆိုတာ အခုပြောမှသိတာပါ။ ကြိုမသိ ပါဘူး။ အစတုန်းကတော့ သမ္မတ နဲ့ဒေါ်စုတို့ကြားမှာ မကြာခဏ တွေ့ဆုံမှုတွေရှိခဲ့ပါတယ်။ သို့သော် လဲ အခြေခံဥပဒေခုံရုံးကိစ္စပြဿနာ ပေါ်တဲ့အချိန်ကစပြီး သမ္မတနဲ့ ဒေါ်စုတို့ ထိတွေ့ဆက်ဆံတာကျဲ သွားခဲ့ပါတယ်။ နားလည်မှုလွဲမှား တာလဲရှိနိုင်ပါတယ်။ ဒေါ်စုတောင်း ဆိုတဲ့ လေးပွင့်ဆိုင်ကိစ္စကို ပြည် ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းကလဲထောက်ခံပါတယ်။ သမ္မတကလဲ အချိန်အခါမသင့် သေးဘူး၊ ကျန်တဲ့နိုင်ငံရေးပါတီ တွေရှိသေးတယ်၊ NLD ပါတီ တစ်ခုတည်းပဲတွေ့ရင် တစ်မျိုးမြင် နိုင်တယ်လို့ အကြောင်းပြခဲ့ပါ တယ်။ သဘောကတော့ ဒေါ်စုနဲ့ NLD ပါတီကို ကျန်တဲ့ပါတီငယ် တွေနဲ့ တစ်တန်းတစ်စားတည်း သတ်မှတ်ထားတဲ့ သဘောမျိုး အဓိပ္ပာယ်သက်ရောက်ပါတယ်။ လေးပွင့်ဆိုင်တွေ့ဆုံရေးအတွက် ကျန်တဲ့တိုင်းရင်းသားပါတီတွေ၊ ပါတီငယ်တွေကလဲ ကန့်ကွက်မယ့် သဘောမရှိဘူးလို့လဲ ပြောသံတွေ ကြားနေရပါတယ်။ လေးပွင့်ဆိုင် တွေ့ဆုံဖို့ကလိုအပ်ပါတယ်။ အဲဒီ လိုတွေ့ဆုံပြီး အပေးအယူအလျှော့ အတင်းစတဲ့ စေ့စပ်ညှိနှိုင်းမှုကို မလုပ်သရွေ့ကတော့မြန်မာ့နိုင်ငံရေး က အဆင်ချောလာဖို့အကြောင်း မရှိပါဘူး။ အပေးအယူအလျှော့ အတင်းလုပ်မှသာလျှင် ၂ဝ၁၄၊ ၂ဝ၁၅ နဲ့ ၂ဝ၁၅ အလွန် မြန်မာ့ နိုင်ငံရေးကချောမွေ့ပြီး ပြည်သူ တွေလဲ စိတ်ချမ်းသာကိုယ်ချမ်းသာ ရှိမှာပါ။ ဒီကနေ့ သမ္မတနဲ့ဒေါ်စု တို့တွေ့တယ်ကြားရတာ ရုတ်တရက် အံ့လဲအံ့သြပါတယ်။ ဝမ်းလဲသာပါ တယ်။ ဒီတွေ့ဆုံမှုက တောင်းဆို ထားတဲ့ လေးပွင့်ဆိုင် တွေ့ဆုံမှုရဲ့ ပထမခြေလှမ်းဖြစ်ပါစေလို့ဆုတောင်း ပါတယ်''
၂ဝ၁၃ ခုနှစ်နှောင်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD က နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ လွှတ်တော်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် လေးပွင့်ဆိုင် တွေ့ဆုံလိုကြောင်းစာပေးပို့တောင်း ဆိုခဲ့ရာ နိုင်ငံတော်သမ္မတကအချိန် မတန်သေးပါဟု ငြင်းပယ်ထားပြီး နောက် ယခုကဲ့သို့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတ နှင့် ဒေါ်အောင်ဆန်းစုကြည် သီးခြားတွေ့ဆုံခြင်းဖြစ်ပြီးမည်သည့် အကြောင်းအရာများဆွေးနွေးခဲ့ သည်ဆိုသည်ကို နှစ်ဖက်စလုံးမှ သတင်းထုတ်ပြန်ခြင်းမပြုခဲ့ပေ။

The Union Daily


သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ပြီ၊ လေးပွင့်ဆိုင်အကြို ဖြစ်မည်လော အပေးအယူ အလျှော့အတင်း မလုပ်သရွေ့ မြန်မာနိုင်ငံရေး မချောမွေ့နိုင် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ပြီ၊ လေးပွင့်ဆိုင်အကြို ဖြစ်မည်လော အပေးအယူ အလျှော့အတင်း မလုပ်သရွေ့ မြန်မာနိုင်ငံရေး မချောမွေ့နိုင် Reviewed by သစ်ထူးလွင် on 11:55 Rating: 5
Powered by Blogger.