အဖမ်းခံ Unity သတင်းထောက်ကို ထောင်ဝင်စာ သွားတွေ့သူတို့ ထိန်းသိမ်းခံရ


ရန်ကုန်၊ ဖေဖော်ဝါရီ ၄။

ကာကွယ်ရေးပစ္စည်း စက်ရုံ သတင်း ရေးသားမူကြောင့် Unity ဂျာနယ်မှ သတင်းထောက်များကို နိုင်ငံတော် လုံခြုံရေး ချိုးဖောက်မှု ပုဒ်မဖြင့် အရေးယူ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ပြီး နယ်သတင်းထောက် ကိုလူမော်နိုင်ကို ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့သူ အချို့မှာလည်း ထိန်းသိမ်းခံ ခဲ့ရကြောင်း ၎င်းတို့၏ မိသားစုဝင်များက ပြောကြားသည်။

မကွေးတိုင်း ဒေသကြီး ပခုက္ကူ အကျဉ်းထောင်တွင် ထိမ်းသိန်း ခံနေရသော ကိုလူမော်နိုင်ကို ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ၁၂နာရီ ခန့်က ၎င်း၏ ဇနီးဖြစ်သူ မလွင်လွင်မြင့်နှင့် အဖော်၂ဦးက သွားရောက်တွေ့ဆုံခဲ့ရာ ထိမ်းသိန်းခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“သွားတွေ့တဲ့ သုံးယောက်စလုံးကို တစ်ညလုံး ခေါ်ထားတယ်”ဟု မလွင်လွင်မြင့်၏ အကိုအကြီးဆုံး ကိုအောင်ကျော်ကျော်က ပြောကြားသည်။

မလွင်လွင်မြင့်ကိုမူ ယခုအချိန်ထိ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပြီး အဖော်လိုက်ပါသွားသည့် အလှသစ္စာပညာရေးမိဘမဲ့ ဂေဟာ၏ ဆရာ၊ ဆရာမများဖြစ်သော ကိုဝင်းမင်းအောင်နှင့် မဖူးဖူးပွင့်တို့ကို ယနေ့မနက်တွင် အာဏာပိုင်တို့က ပြန်လည် လွတ်ပေးခဲ့သည်ဟု မွန်းလွဲ ၁နာရီခွဲ အချိန်တွင် ၎င်းကို ဆက်သွယ် မေးမြန်းချက်အရ သိရသည်။

ထောင်ဝင်စာ သွားတွေ့သူတို့ကို ထိန်သိမ်းချိန်နှင့် အချိန်ကိုက်ပင် ကိုလူမော်နိုင်တို့၏ အိမ်ကိုလည်း ပေါက်မြို့နယ်မှ ၁၅ဦးပါသော အာဏာပိုင် အဖွဲ့က လာရောက်ရှာဖွေကာ Laptopကွန်ပြူတာကို သိမ်းဆည်းသွားကြောင်း မျက်မြင် တွေ့ရှိသူများက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် ပြောရေးဆိုခွင့် တစ်ဦးဖြစ်သူ ဒုတိယရဲမှူးကြီးမင်းအောင်ကို ဆက်သွယ် အတည်ပြု မေးမြန်ရာ “ဖမ်းထားလား မထားလား ဆိုတာ အခုထိ ကျွန်တော့်ဆီ သတင်းမရောက်သေးပါဘူး”ဟုဆိုသည်။

ယူနတီဂျာနယ် အတွဲအမှတ် ၃၊တွင်ဖော်ပြပါရှိသည့် “ဗိုလ်ချုပ် မှူးကြီးဟောင်း၊ တရုတ်ပညာရှင်၊ လက်ရှိ ကာချုပ် တို့၏ ပေါက်မြို့နယ်မှ လျှို့ ၀ှက် ဓာတုလက်စက်ရုံ” သတင်းဖော်ပြပြီး တစ်ပတ်ခန့် အကြာ အတွဲအမှတ် ၄တွင် ပေါက်မြို့ ဓါတုတ်စက်ရုံ သတင်းနှင့် ပတ်သက်၍ တာဝန် ရှိသူ များအား စုံစမ်းနေ ဆိုသည့် သတင်းကို ဖော်ပြပြီး ၂ ရက်ခန့် အကြာ ဂျာနယ် CEO နှင့်သတင်းထောက်များကို ဖမ်းဆီးပြီးနောက်၎င်းတို့နှင့် ဆက်ဆပ်သူများကို ထပ်မံ စစ်ဆေးခြင်း ဖြစ်သည်။

People power


အဖမ်းခံ Unity သတင်းထောက်ကို ထောင်ဝင်စာ သွားတွေ့သူတို့ ထိန်းသိမ်းခံရ အဖမ်းခံ Unity သတင်းထောက်ကို ထောင်ဝင်စာ သွားတွေ့သူတို့ ထိန်းသိမ်းခံရ Reviewed by သစ်ထူးလွင် on 14:22 Rating: 5
Powered by Blogger.