တပ်သိမ်းလယ်မြေထဲမှ မြေတချို့ပြန်ပေးမည်ဆိုသော် လည်း လယ်သမားလက်ထဲ မရောက်သေးကြောင်းဆို

သာယာဝတီမြို့နယ်ရှိ တပ်သိမ်း လယ်ယာမြေထဲမှ လယ်ယာမြေတချို့ကို မူလလက်ငုတ်ပိုင်ရှင် လယ်သမားများထံ သို့ ပြန်ပေးမည်ဆိုသော်လည်း ယနေ့အချိန်ထိ မရရှိသေး ကြောင်း ကညင်ကောက်ကျေးရွာမှ လယ်သမားဦးသန်း ထိုက်က ပြောသည်။

သာယာဝတီမြို့နယ်ရှိ ကညင်ကောက်၊ ဂွေးချောင်း၊ သာယာအေး၊ ကန်သာယာကျေးရွာနှင့် သရက်တော ကျေးရွာတို့မှ လယ်သမား ၁၀၀ နီးပါးခန့်လုပ်ကိုင်နေသည့် လယ်ယာမြေဧက ၇၅၀ ကျော်ကို ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၄ ခုနှစ်ထိ အမှတ် (၃၅) ခြေမြန်တပ်ရင်းမှ တပ်တည်ဆောက်ရန် သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း လယ်ယာမြေသိမ်းဆည်းခံ ရသည့် လယ်သမား ဦးမြင့်ဦးက ပြောသည်။

“ကျွန်တော်တို့ လယ်သမားတွေ သစ်တောပျက်ကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ခဲ့ကြတယ်။ ၁၉၉၀ ပြည့်နှစ်ကိုရောက်တော့ အမှတ် (၃၅) ခြေမြန်တပ်ရင်းက ကျေးရွာလုံခြုံရေးအတွက် အခြေစိုက်မယ်ဆိုပြီးတော့ တပ်တည်ဆောက်ဖို့ ကျွန်တော်တို့ လယ်ယာမြေ ၇၅၈ ဧကကို သိမ်းလိုက်ပါတယ်။ လယ်ယာ မြေသိမ်းဆည်းခံရပြီး လုပ်ပိုင်ခွင့်မရှိတော့တဲ့ လယ်သမားတွေကို စစ်တပ်ကသီးစားချလို့ သီးစားပေးပြီး ကိုယ့်မြေမှာ ကိုယ်ပြန် ၀င်လုပ်ရတယ်”ဟု တပ်သိမ်းလယ်ယာမြေ တွင် ဧက ၃၀ ပါဝင်သည့် လယ်သမား ဦးသန်းထိုက်က ပြော သည်။

ထိုသို့သီးစားပေးကာ နှစ်စဉ်လုပ်ကိုင်လာပြီးနောက်ပိုင်းတွင် လယ်ယာမြေလုပ်ပိုင်ခွင့်များ ပြန်လည်လျောက်ခွင့် ရလာသည့်အတွက် လယ်သမားများကလည်း နိုင်ငံတော် သို့ မိမိတို့၏ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် လျောက်ထားခဲ့ရာ မိမိတို့တောင်းဆိုထားသည့် လယ်ယာ မြေပမာဏထက်နည်းသည်ကို ပြန်လည်ပေးမည်ဟု တပ်နှင့် သဘောတူညီထားသော်လည်း ယနေ့အချိန် မရရှိသေး ကြောင်း သိရသည်။
ယင်းလယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် လက်ရှိလျောက်ထားသူမှာ လယ်သမား ၈၆ ဦးရှိကြောင်း သိရသည်။

- ဂျူးမေဇင်
အတွ(၆) အမှတ်(၈၄) မြန်မာတောင်သူကြီးများဂျာနယ်

The Farmer Media


တပ်သိမ်းလယ်မြေထဲမှ မြေတချို့ပြန်ပေးမည်ဆိုသော် လည်း လယ်သမားလက်ထဲ မရောက်သေးကြောင်းဆို တပ်သိမ်းလယ်မြေထဲမှ မြေတချို့ပြန်ပေးမည်ဆိုသော် လည်း လယ်သမားလက်ထဲ မရောက်သေးကြောင်းဆို Reviewed by သစ်ထူးလွင် on 14:37 Rating: 5
Powered by Blogger.