ငါးနှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦး မဏိပူရ ပြည်နယ်တွင် မုဒိမ်းကျင့်ခံရ၍ သေဆုံး

အိန္ဒိယ-မြန်မာ နယ်စပ် မဏိပူရပြည်နယ် ချူရာချန်ဒရာ ပူးရ်မြို့ရှိ ငသည် ကျေးရွာတွင် နေထိုင်သော မြန်မာလူမျိုး ဇနီးမောင်နှံနှစ်ဦး၏ သမီးဖြစ်သူ ငါးနှစ်အရွယ် ကလေးငယ် ဇင်ဇင်မူးသည် ဇန်နဝါရီ လ ၈ ရက်နေ့က မုဒိမ်းကျင့်ခံရ၍ သေဆုံးသွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။ အဆိုပါ ကလေးငယ်သည် ဇန်နဝါရီ လ ၇ ရက်နေ့ နံနက်ပိုင်းက အဒေါ်ဖြစ်သူ၏ အိမ်သို့ ထွက်သွားခဲ့ရာမှ နေအိမ်သို့ ပြန်လည် ရောက်မလာ၍ မိသားစုဝင်များက ရဲစခန်းသို့ တိုင်တန်းသဖြင့် ရှာဖွေရာတွင် ငသည်ရွာနှင့် မိုင်ဝက်ကျော် ကွာဝေးသော ဝါးတောအနီးတွင် ကလေးငယ်၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ငါးနှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦး မဏိပူရ ပြည်နယ်တွင် မုဒိမ်းကျင့်ခံရ၍ သေဆုံး ငါးနှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦး မဏိပူရ ပြည်နယ်တွင် မုဒိမ်းကျင့်ခံရ၍ သေဆုံး Reviewed by သစ်ထူးလွင် on 17:33 Rating: 5
Powered by Blogger.