တနင်္သာရီတိုင်း အကျဉ်းထောင်များမှ အကျဉ်းသား(၃၉၃)ဦး ယနေ့ လွတ်မြောက်

နိုင်ငံတော်သမ္မတ အမိန့် အမှတ်(၁/၂၀၁၄) ဖြင့် ကော့သောင်း အကျဉ်းထောင် မှ အကျဉ်းသားများ (၁၀၇ ) ဦး ဇန်န၀ါရီ ၃ ရက် ၊ ယနေ့ မွန်းတည့် ၁၂ နာရီတွင် လွတ်ပေးလိုက်သည်။


ဇန်န၀ါရီ ၃ ရက်

နိုင်ငံတော်သမ္မတ အမိန့် အမှတ်(၁/၂၀၁၄) ဖြင့် ကော့သောင်း အကျဉ်းထောင် မှ အကျဉ်းသားများ (၁၀၇ ) ဦး ဇန်န၀ါရီ ၃ ရက် ၊ ယနေ့ မွန်းတည့် ၁၂ နာရီတွင် လွတ်ပေးလိုက်သည်။

နိုင်ငံတော် ၏ တည်ဆဲဥပဒေ များ အား ချိုးဖေါက် ၍ ပြစ်ဒါဏ်ကျခံနေရသည့် အကျဉ်းသား  ကျား (၈၈)ဦး မ (၁၉)ဦး ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အကျဉ်းသားများ မှာ တနင်္သာရီ တိုင်းဒေသကြီး အတွင်း
ရှိ အကျဉ်းထောင်များဖြစ်သည့် ထားဝယ်အကျဉ်းထောင် မှ ကျား(၇၂ )ဦး မ (၉)ဦး ၊ မြိတ်အကျဉ်းထောင် မှ
ကျား(၈၆)ဦး ၊ မ (၂၁)ဦး ၊ ကော့သောင်းအကျဉ်းထောင် မှ  ကျား (၈၈)ဦး ၊ မ (၁၉)ဦး ၊ဆင်ဖြူပြင်အကျဉ်းစခန်း
မှ  ကျား (၉၈)ဦး  ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး ၊ တစ်တိုင်းလုံး အနေဖြင့် အကျဉ်းသားစုစုပေါင်း
(၃၉၃)ဦးဖြစ် ကြောင်း သိရှိရသည်။

ကော့သောင်းသတင်းသမား

တနင်္သာရီတိုင်း အကျဉ်းထောင်များမှ အကျဉ်းသား(၃၉၃)ဦး ယနေ့ လွတ်မြောက် တနင်္သာရီတိုင်း အကျဉ်းထောင်များမှ အကျဉ်းသား(၃၉၃)ဦး ယနေ့ လွတ်မြောက် Reviewed by သစ်ထူးလွင် on 14:56 Rating: 5
Powered by Blogger.