ပဌာန်းအောင်ပွဲ အထိမ်းအမှတ်အဖြစ် သံဃာတော်များ ဘောလုံးကန်ရာမှ ရွာသားများနှင့် ခိုက်ရန်ဖြစ်


ကျွန်းလှ၊ ဇန္န၀ါရီ ၃၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ် မကျီအင်းကျေးရွာ ပဌာန်းအောင်ပွဲ အထိမ်းအမှတ်အဖြစ် ယခုလ ၂၉ ရက်နေ့ ညနေပိုင်းက ဘောလုံးကန်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဘောလုံပွဲတွင် သံဃာတော်များ ၀င်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အားပေးကြည့်ရှု့သည့် ဒေသခံကျေးရွာသားများနှင့် ဆဲဆိုအားပေးရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ကျွန်းလှမြို့မရဲစခန်းရှိ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆဲရေးတိုင်းထွာ၍ ဘောလုံးပွဲကြည့် ပရိတ်နှင့် ဘောလုံးကန် သံဃာတချို့ စကားများခိုက်ရန်ဖြစ်ပွားခဲ့ရာက လူပုဂ္ဂိုလ်တချို့ ဒဏ်ရာများရရှိခဲ့သည့်အတွက် ရဲစခန်းတွင်အမှုဖွင့် အရေးယူထားကြောင်း ၎င်း ရဲတပ်ဖွဲ့ဝင်ထံမှ သိရသည်။

အဆိုပါ ဘောလုံးယှဉ်ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကစားနိုင်ရန်အတွက် ကန့်ဘလူမြို့နယ်၊ သန်းမတောကျေးရွာနေ ဦးထွန်းထွန်း ၀င်း အသက်( ၄၆)နှစ်၊ ကိုအောင်မြင့်သူ အသက်(၂၇)နှစ်၊ ကိုထွန်းထွန်းလင်း အသက်(၃၁)နှစ်၊ ကိုသဲမောင် အသက်(၃၀) နှစ်၊ ကိုစိန်ထွန်း အသက်(၂၇)နှစ်၊ ကိုအောင်ကိုထွန်း အသက်( စီစစ်ဆဲ)၊ ကျေးရွာ ဆယ်အိမ်မှူး ဦးအောင်ထွန်း ဆိုသူတို့မှ ဘောလုံးယှဉ်ပြိုင်ကစားရန်သွားရောက်ခဲ့ရာ သန်းမတောကျောင်းတိုက်မှ ဥူးပ္ဇင်း ဥူးဇမ္မသီရိ၊ ဥူး ဓမ္မောဓယ၊ ဥူးဇနောဓဇ ဆိုသည့် သံဃာတော်များလည်း လိုက်ပါ ကစားခဲ့သည်ဟု ဦးထွန်းထွန်းဝင်း ဆိုသူက အတည်ပြုပြောကြားခဲ့သည်။

ထို့နောက် ဘောလုံးယှဉ်ပြိုင်ကစားချိန်တွင် အိမ်ရှင် မန်ကျီးအင်းကျေးရွာမှ ဘွဲ့အမည်မသိ သံဃာနှစ်ပါးနှင့် လူခုနှစ်ယောက် တို့က ဘောလုံး ပွဲကြည့်အားပေးနေသူများကို ဆဲရေးတိုင်းထွာပြောဆိုခဲ့ရာမှ ခိုက်ရန်ဖြစ်ပွားခဲ့သည်ဟု ကျွန်းလှမြို့မရဲစခန်း ၏ မှုခင်းမှတ်တမ်း များတွင်ဖော်ပြထားကြောင်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။ ထိုသို့ ခိုက်ရန်ဖြစ်ပွားရာတွင် ဘွဲ့အမည်မသိ သံဃာနှစ်ပါးနှင့် လူခုနှစ်ယောက် တို့က ထိုးကြိတ်တိုက်ခိုက်ခဲ့သဖြင့် ဘောလုံးကစားနေသည့် ကိုသဲမောင်၊ ကိုအောင်သူမြင့်၊ ကိုထွန်းထွန်းဝင်း၊ ကိုစိန်ထွန်း ဆိုသူလေးဦးတို့မှာ ဒဏ်ရာများရရှိခဲ့သည့်အတွက် ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်တန်းချက်အား ကျွန်းလှမြို့မရဲစခန်းက(ပ) ၅/ ၂၀၁၄ ပြစ်မှုပူဒ်မ ၃၂၅/ ၁၁၄ အရ အမှုရေးဖွင့်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး (ဖေ့ဘုတ်)



ပဌာန်းအောင်ပွဲ အထိမ်းအမှတ်အဖြစ် သံဃာတော်များ ဘောလုံးကန်ရာမှ ရွာသားများနှင့် ခိုက်ရန်ဖြစ် ပဌာန်းအောင်ပွဲ အထိမ်းအမှတ်အဖြစ် သံဃာတော်များ ဘောလုံးကန်ရာမှ ရွာသားများနှင့် ခိုက်ရန်ဖြစ် Reviewed by သစ်ထူးလွင် on 18:59 Rating: 5
Powered by Blogger.