သမ္မတဖြစ်ခွင့် ပြင်ဆင်ရေးဟာ အားလုံးအတွက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) မှာ ပြဋ္ဌာန်းထားတဲ့ သမ္မတဖြစ်ပိုင်ခွင့် ကန့်သတ်ချက်တွေကို ပယ်ဖျက်လိုတာဟာ မိမိသမ္မတဖြစ်ရေး၊ မဖြစ်ရေးထက် ပြည်သူအားလုံး တန်းတူအခွင့်အရေး ရရှိဖို့ပြောဆိုနေတာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောလိုက်ပါတယ်။ ဒီကနေ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ရေးမလား လူထုတွေဆုံပွဲမှာ ပြောဆိုခဲ့တာပါ။ ပရိတ်သတ်တစ်ဦးက ပုဒ်မ ၅၉ (စ)ကို ပြင်မပေးဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်မှာကို စိုးရိမ်တယ်လို့ မေးတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သမ္မတဖြစ်ခွင့် ပြင်ဆင်ရေးဟာ အားလုံးအတွက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား သမ္မတဖြစ်ခွင့် ပြင်ဆင်ရေးဟာ အားလုံးအတွက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား Reviewed by သစ်ထူးလွင် on 05:14 Rating: 5
Powered by Blogger.