အဓိကရုဏ်းကြောင့် ဒုက္ခရောက်သူတွေကို သွားရောက်ကူညီသူများ တားမြစ်ခံရ

ပဲခူးတိုင်းအတွင်းက အကြမ်းဖက်အဓိကရုဏ်းတွေကြောင့် ဒုက္ခရောက်ရသူတွေအတွက် ရွှေဝါရောင် သံဃာတော်များ ကွန်ရက်နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်တို့ သွားရောက်ကူညီရာမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဧပြီ ၁ ရက်နေ့ ပုဂ္ဂလိက သတင်းစာ ထွက်ပြီ

The Voice Daily၊ ပြည်ထောင်စု နေ့စဉ်၊ ရွှေနိုင်ငံ နေ့စဉ်နဲ့ The Standard Time သတင်းစာ လေးစောင် စထွက် မယ် ဆယ်စုနှစ် များစွာ အတွင်း မနက်ဖြန် ဧပြီ ၁ မနက်က စလို့ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ တွေ ပြန်လည် ထွက်ရှိ လာတော့မှာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


 

ပြည်ပရောက် မြန်မာလုပ်သားများ ထိရောက်သည့် အကာအကွယ်ပေးရန်လို

အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသူများနှင့် ပြည်တွင်း လုပ်ကိုင်သူများအား အလုပ်သမား ရေးရာ ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများမှ ထိရောက်သည့် အကာအကွယ်ပေးရန်လိုအပ်ပြီး ဂျော်ဒန်နိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်နေသူများ၏ ဖြစ်ရပ်မှအဓိက သာဓက တစ်ခုဖြစ်ခဲ့ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဘင်္ဂါလီလူမျိုးအားကာကွယ်သည်ဟုယူဆကာ သံတွဲ၌ ဆန္ဒပြမှုဖြစ်ပွား

မတ်လ ၃၁ရက်နေ့ မနက် ၈နာရီမှစတင်ကာ ၂နာရီနီးပါးခန့်ကြာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ နျိတ္တတောက်ရွာအုပ်ချုပ်ရေးမှူးမှ ရွာခံ လူတချို့အား အခင်းဖြစ်ပွားရန် လှုံ့ဆော်သည်ဟုဆိုကာ ဖမ်းဆီးပြီး ခိုးဝင်လာသည့် ဘင်္ဂါလီလူမျိုးများဘက်မှ ကာကွယ်ပေးသည့်အတွက် ရွာခံလူထုက ဆန္ဒပြမှုတစ်ခုပြုလုပ်ခဲ့ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



 

အရေးပေါ်ကာလ စီမံခန့်ခွဲရေး ကော်မတီဖွဲ့

မြန်မာ နိုင်ငံမှာတော့ အရေးပေါ်ကာလ စီမံ ခန့်ခွဲရေး ကော်မတီ တစ်ရပ်ကို နိုင်ငံတော် သမ္မတရုံးက မတ်လ ၃၀ ရက် ရက်စွဲနဲ့ ဖွဲ့စည်း လိုက်တယ်လို့ နိုင်ငံပိုင် မီဒီယာ တွေက သတင်းထုတ်ပြန် ခဲ့ပါတယ်။ အဲဒီ ကော်မတီကို အဖွဲ့ဝင် ၁၀ ဦးနဲ့ ဖွဲ့စည်း လိုက်တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အဓိကရုဏ်းတွေကြောင့် ပျက်စီးခဲ့ရတဲ့ မိတ္ထီလာမြို့ တနေရာ

စစ်တွေ တက္ကသိုလ်ဝင်းထဲ မီးလောင်မှု ဖြစ်ပွား

စနေနေ့ မနက် ၁၀း၄၅ နာရီခန့်က စစ်တွေ တက္ကသိုလ်ခြံဝင်းအတွင်း၌ မီးလောင်မှု တခု ဖြစ်ပွားခဲ့သည်။ မီးလောင်မှုမှာ တက္ကသိုလ် အဆောက်အဦများကို လောင်ကျွမ်းခြင်းမဟုတ်ဘဲ တက္ကသိုလ်ကျောင်း၏ နောက်ဘက် မြက်ခင်းပြင်ပေါ်၌ ဖြစ်ပွားခဲ့သည်ဟု အခင်းဖြစ်စဉ် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရုပ်ရှင်အစည်းအရုံးမှ မိတ္ထီလာရှိဒုက္ခသည်များသို့ သွားရောက်ကူညီမည်

ရုပ်ရှင်အစည်းအရုံးအဖွဲ့ အနုပညာရှင်များသည် မိတ္ထီလာမြို့ရှိ ဒုက္ခသည်များအား ဧပြီလ ၁ရက်နေ့တွင် သွားရောက်ကူညီ ရန် အစီအစဉ်ရှိကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားသည်။ “ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံး အဖွဲ့အပါအဝင် ပွင့်လင်းအဖွဲ့အစည်းနဲ့ အမျိုးသမီးရေးရာအဖွဲ့တို့ ပေါင်းပြီး ဧပြီလ ၁ရက်နေ့မှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပဋိပက္ခကို ဘက်ပေါင်းစုံက ဖြေရှင်းဖို့ သဘောတူ

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်နေတဲ့ ဘာသာရေး အသွင် ပဋိပက္ခကို ဘက်ပေါင်းစုံက ပူးပေါင်း ဖြေရှင်းဖို့ ကြိုးပမ်း နေကြတယ် မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ ကျင်းပတဲ့ ဆွေးနွေးပွဲအပြီး ဘာသာရေး ခေါင်းဆောင်တွေနဲ့ တခြား အဖွဲ့အစည်းတွေရဲ့ ပူးတွဲ ကြေငြာချက်မှာ ဖော်ပြ ထားပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

MPC မှာ စနေနေ့က ကျင်းပတဲ့ ဆွေးနွေးပွဲ

ပဲခူးတိုင်းမြို့နယ်တွေမှာ ပြန်လည် တည်ငြိမ်အေးချမ်းနေ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ၂၈ရက်နေ့မှာ ဆူပူအကြမ်းဖက်မှုတွေကို ထိထိရောက်ရောက်အရေးယူဖို့ ရဲတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားလိုက်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ရက်ပိုင်းတွေက အကြမ်းဖက်ဖျက်ဆီး တာတွေရှိခဲ့တဲ့ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တချို့မှာ အခြေအနေ ပြန်လည်တည်ငြိမ်လာနေပြီလို့ ဒေသခံတွေက ဒီကနေ့မှာ ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဖွဲ့စည်းပုံ ပြင်ဆင်ရေး တစ်နိုင်ငံလုံး အတိုင်းအတာ ဆွေးနွေးသင့်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြုပြင်သင့်တဲ့ အချက်အလက်တွေကို တပြည်လုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယကအဖွဲ့ဝင် ဆရာဦးဝင်းတင်က ဒီကနေ့မှာ ပြောလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သဲကုန်းအခြေအနေ တင်းမာဆဲ

ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်ဆူပူမှုတွေဖြစ်ပွားနေတဲ့ ပဲခူးတိုင်း သဲကုန်းမြို့နယ်ထဲမှာတော့ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေက လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပါတယ်။ အကြမ်းဖက်မှုတွေစခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့ပေါ်မှာတော့ ဒီကနေ့မှာ မြို့မဈေးကြီး ပြန်ဖွင့်နေပြီး အခြေအနေဟာ တည်ငြိမ်စ ပြုနေပြီလို့ မြို့ခံတွေကပြောပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ မြို့နယ်တွေနဲ့ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားတဲ့နေရာတွေမှာတော့ စစ်တပ်က စစ်ကားတွေနဲ့ကင်းလှည့်ပြီး စောင့်ကျပ်နေ တယ်လို့ဆိုပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်ဆူပူမှုတွေဖြစ်ပွားအောင် မီးရှို့ဖျက်ဆီးမှုတွေလုပ်ဖို့ လူအုပ်စုတချို့ကနေ ကြိုးစားလုပ်ဆောင်လာတဲ့အတွက် ပဲခူးတိုင်းဒေသကြီး သဲကုန်းခရိုင်ထဲမှာ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားရပါတယ်။ စစ်တပ်က မြို့ထဲမှာ တပ်စိပ်တွေ အင်အားတိုးချထားပြီး မြို့ခံလူထုနဲ့ ပူးပေါင်းလုံခြုံရေးယူထားရတဲ့ အနေအထားဖြစ်တယ်လို့ သဲကုန်းဒေသခံတွေက ပြောပါတယ်။ ပဲခူးတိုင်း သဲကုန်းမြို့နယ်ထဲက ပုတီးကုန်းမြို့တွင်းမှာ ဗလီတလုံးအပါအဝင် အိမ်တချို့ အဖျက်ခံခဲ့ရပြီး မြို့မနဲ့ အင်းမဘက်မှာတော့ ဈေးဆိုင်တွေ နဲ့ နေအိမ်တချို့ အဖျက်ဆီးခံခဲ့ရပါတယ်။

သဲကုန်းမြို့မှာတော့ အထိအခိုက်မရှိဘူးလို့ သဲကုန်းဒေသခံ ဦးသိန်းထွန်းက ပြောပါတယ်။ သဲကုန်းမြို့နယ်ထဲမှာတော့ ဘာသာရေးအဆောက်အဦးကို ဖြိုဖို့အတွက် လူအုပ်စုလိုက် အကြမ်းဖက်ဖို့ ရောက်လာတဲ့အချိန်မှာ စစ်တပ်က လုံခြုံရေးအပြည့် ယူပေးထားတဲ့အတွက် နောက်ဆုတ်သွားကြတယ်လို့လည်း သူကဆက်ပြောပါတယ်။

“နယ်ဘက်ကလူတွေက ဗလီဖျက်ဖို့ဆိုပြီး တက်လာတယ်။ တက်လာတော့ တပ်က ရောက်နေပြီလေ။ တပ်ကရောက်နေပြီဆိုတော့ တပ်က မဖျက်ဖို့ပြောတယ်။ ဖျက်ရင်ပစ်မယ်လို့ပြောတယ်။ သေနတ်တွေ ဘာတွေ မောင်းတင်တော့ ပြန်သွားကြတယ်။ ပုတီးကုန်းမှာ ဗလီအဖျက်ခံရတယ်။  နေအိမ် နှစ်လုံးသုံးလုံး အဖျက်ခံရတယ်။ ဆိုင်နှစ်ခု အဖျက်ခံရတယ်။ အင်းမဘက်မှာလည်း ဆိုင်တွေအဖျက်ခံရတယ်။”

သဲကုန်းမြို့နယ်တွင်းက မူစလင်တွေကို ဒေသခံတွေက လုံခြုံတဲ့နေရာတွေမှာ ဖွက်ပေးထားပြီး မြို့ခံလူငယ်တွေက လုံခြုံရေးယူထားကြတယ်လို့ သိရပါတယ်။ အခုလက်ရှိအခြေအနေမှာတော့ သဲကုန်းမြို့ထဲမှာ ည ၆ နာရီကနေ မနက် ၅ နာရီ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး မြို့နယ်တွင်းမှာ လူအုပ်စုလိုက်သွားလာခွင့်မပြုဘဲ မသင်္ကာသူမှန်သမျှကို စစ်ဆေးနေပြီး ပုဒ်မ ၁၈၈ ထုတ်ပြန်ထားပါတယ်။ သဲကုန်းမြို့နယ်တွင်း မြို့တွေမှာတော့ စစ်တပ်က တပ်စိပ်တွေတိုးချထားပြီး မြို့လယ်တွေမှာ နေရာယူပြီး တပ်စွဲထားတယ်လို့လည်း သိရပါတယ်။

“ည ၆ နာရီနဲ့ မနက် ၅ နာရီ curfew ထုတ်ထားတယ်။ ညဆို လူတွေအားလုံးစစ်တယ်။ လူအုပ်စုနဲ့လက်မခံဘူး။ တပ်ကရောက်ပြီးတော့ မြို့လယ်ခေါင်က စာကြည့်တိုက်မှာ ချထားတယ်။ ဇီးကုန်းမှာလည်း ဒီလိုပဲ။ မြို့လယ်ခေါင်က ပြန်ကြားရေးတနေရာမှာ တပ်ဆွဲထားတယ်။”

သဲကုန်းဘက်မှာ ဒီနေ့အခြေအနေကတော့ ငြိမ်သက်နေပြီး ပဲခူးတိုင်း အနောက်ဘက်ခြမ်း တလွှားက နတ္တလင်း၊ ဇီးကုန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့တွေမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲဖြစ်ပြီး စစ်တပ်နဲ့ရဲလုံခြုံရေးတွေက လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့သိရပါတယ်။

ဘာသာရေးအသွင်ဆောင်တဲ့  အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာခရိုင် မိတ္ထီလာမြို့ထဲမှာတော့ ဒီနေ့မှာ မြို့မဈေးကြီးပြန်ဖွင့်လိုက်ပြီဖြစ်ပြီး မြို့တွင်းအခြေအနေဟာ တည်ငြိမ်စပြု လာနေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ခြုံရေးအခြေအနေ ကောင်းလာပြီဖြစ်လို့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ မူစလင်တချို့ကလည်း သူတို့ရဲ့ နေအိမ်တွေဆီကို ပြန်ခွင့်တောင်းပြီး ပြန်နေကြတဲ့ အတွက် ဒေသခံလူငယ်အဖွဲ့တွေက လိုက်လံပို့ဆောင်ပေးနေတယ်လို့ မိတ္ထီလာမြို့ခံ ဒေါ်မြင့်မြင့်အေးကပြောပါတယ်။

“ဒီနေ့တော့ ဈေးပြန်ဖွင့်တယ်လို့ ကြားတယ်။ အခု တချို့ အမှတ် (၃) ကျောင်းက မူစလင်တချို့က ဆိုလို့ရှိရင် သူတို့ရပ်ကွက်က မီးလည်းမလောင်တဲ့အတွက် ပြန်ချင်ပါတယ်လို့ ဆိုပြီး ဌာနဆိုင်ရာကို ပြောပေးပါဆိုလို့ ကျမ စောစောကပဲ ပြောပေးလိုက်တယ်။ ပြန်ချင်လို့ရှိရင် ကိုယ့်အိမ်ကိုယ်ပြန်လို့ရတယ်လို့ဆိုတော့ သူတို့ပြန်လို့မရသေးလို့ပါတဲ့။ အဲဒီနေရာတွေမှာ နေရတာကတော့ အဆင်မပြေနိုင်ဘူးဆိုတာတော့ ရှိမှာပေါ့လေ။ စိုးရိမ်တာကတော့ မြန်မာလူမျိုးတွေကလည်း စိုးရိမ်တာပဲ။ မူစလင်တွေကလည်း စိုးရိမ်တာပဲ။ အခြေအနေတခုကို စိတ်အေးချမ်းသာတဲ့ အခြေအနေတခုရောက်အောင်တော့ အချိန်နည်းနည်း စောင့်ရမယ်ထင်တယ်။”

အရေးပေါ်အခြေအနေ မရုပ်သေးတဲ့ မိတ္ထီလာမြို့တွင်းအခြေအနေကတော့ ပုံမှန်အနေအထားအထိ မရောက်သေးပေမဲ့လည်း လုံခြုံရေးကို မြို့ခံလူထုနဲ့အတူ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေက အလှည့်ကျမြို့ကိုပတ်ပြီး ကင်းလှည့်နေကြတယ်လို့ ဒေါ်မြင့်မြင့်အေးကပြောပါတယ်။

“မြို့ထဲကတော့ ပုံမှန်ပြောလို့ရပါတယ်။ ည ညတော့ စောင့်နေကြရတယ်။ ည ၇ နာရီကနေ မနက်ခင်း ၅ နာရီအထိအောင် အလှည့်ကျ လှည့်ကြတယ်တဲ့။ ရဲကတော့ အထိုင်ပဲပေါ့။ စစ်ကားတွေလှည့်တယ်တဲ့။ စစ်ကားပေါ်မှာ တက်လိုက်တဲ့သူက နောက်တပတ် ခြေလျှင် လှည့်တယ်တဲ့။ ခြေလျှင်လှည့်တာရော၊ ကားနဲ့လှည့်တာရော အဲဒီလိုမျိုး မြို့မိမြို့ဖတွေက ပြောတာပေါ့။ လုပ်ငန်းတွေကလည်း နည်းနည်းတော့ ပြန်စနေပြီဒီမှာ။ စခန်းတွေမှာလည်း လှူတာလေးတွေတော့ ဆက်တော့လာနေတယ်လို့ ကြားမိတယ်။ ဒါပေမဲ့ ရေအခက်အခဲ ဆိုတာလေးတွေလည်း နည်းနည်းတော့ ရှိတယ်။ အခြေအနေက ပြန်တည်ငြိမ်အောင် ကြိုးစားနေရတဲ့ အနေအထားလို့ ပြောလို့ရတယ်။”

ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၁၃ ထဲမှာတော့ မတ်လ ၂၀ ရက်နေ့ကနေ ဒီနေ့အထိ မြို့နယ် ၁၅ မြို့နယ်မှာ လူစုလူဝေးဖြင့် အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း၊ အဆောက်အဦး ၁,၃၅၅ လုံး နဲ့ ယာဉ်မျိုးစုံ ၃၉ စီးပျက်စီးဆုံးရှုံးကြောင်း၊ လူဦးရေ ၁၁,၃၇၆ ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၆ ခုမှာ လူဦးရေ ၉,၀၆၅ ဦးကို စောင့်ရှောက် ထားကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြစ်မှု ကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးရမိပြီး ဥပဒေနဲ့အညီ အရေးယူရန် ဆောင်ရွက်နေကြောင်းလည်းဖော်ပြထားပါတယ်။

မဆုမွန် (ဗွီအိုအေ)


တိဘက်မြေပြို ရွှေတွင်းလုပ်သား ၈၀ ကျော် ရှာမတွေ့သေး

တိဘက် တောင်တန်းဒေသ ရွှေတူးထုတ်လုပ်တဲ့ မိုင်းတွင်းတခုမှာ မြေပြိုကျတဲ့အတွက် အလုပ်သမား ၈၃ ယောက် ပိတ်မိနေခဲ့ပြီး နောက်တနေ့မှာ ရုပ်အလောင်း ၁ လောင်းတွေ့ရှိခဲ့ပြီး အသက်ရှင်လျက် တယောက်မှ ရှာဖွေ မတွေ့သေးဘူးလို့ တရုတ်နေ့စဉ်သ တင်းမီဒီယာက ဖော်ပြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တိဘက်မိုင်းတွင်း မြေပြိုရာနေရာမှာ ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေး လုပ်သားများ ရှာဖွေနေစဉ်။ (မတ်လ ၃၀ ရက်၊ ၂၀၁၃)။

ခြိမ်းခြောက်မှုရပ်ဆိုင်းဖို့ မြောက်ကိုရီးယားကို တောင်ပိုင်းကသတိပေး

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ လက်မခံနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ရပ်တန်းကရပ် ဖို့ တောင်ကိုရီးယား အမျိုးသားကာကွယ်ရေး ၀န်ကြီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ တောင်ကိုရီးယားတပ်ဖွဲ့တွေ အနေနဲ့ မြောက်ကိုရီးယားရဲ့ ဘယ်လိုခြိမ်းခြောက်မှု မျိုးကိုမဆို ပြတ်ပြတ်သားသား ဒဏ်ခတ်အရေး ယူသွားဖို့ အဆင်သင့် အနေအထားမှာ ရှိတယ်လို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တောင်နဲ့မြောက်ကိုရီးယား စစ်မဲ့ဇုံအနီး စောင့်ကြပ်နေတဲ့ တောင်ကိုရီးယားစစ်သားတဦး။ (မတ်လ ၁၂ ရက်၊ ၂၀၁၃)။

စစ်ဖြစ်တဲ့ အခြေအနေ ရောက်ပြီလို့ ပြုံရမ်း ကြေညာ

ကိုးရီးယား ကျွန်းဆွယ်မှာ တင်းမာ မှုတွေ တိုးပွား လာနေချိန် မှာပဲ မြောက်ကိုးရီးယား အစိုးရက တောင်ကိုးရီးယားနဲ့ စစ်ဖြစ်တဲ့ အနေ အထားကို ရောက်လာ နေပြီလို့ ထုတ်ဖေါ် ပြောဆို လိုက်ပါတယ်။ မြောက်ကိုးရီးယားက အခုလို ထုတ်ဖေါ် ကြေညာ လိုက် ပေမယ့် ကိုးရီးယား စစ်ပွဲကြီး ဖြစ်ခဲ့ ကတည်းက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တောင်နဲ့ မြောက် ကိုးရီးယား နှစ်နိုင်ငံ အကြား လက်တွေ့မှာ စစ်မက် ဖြစ်ပွား နေတဲ့ အခြေ အနေပါ

မြေမြုပ်မိုင်း ရှင်းလင်းရေး အချိန်ယူရဦးမည်လို့ပြော

အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား ယုံကြည်မှု ပိုပြီးတည်ဆောက်နိုင်မှသာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ ကျန်နေသေးတဲ့ မြေမြှုပ်မိုင်းတွေကို အပြည့်အ၀ရှင်းလင်းနိုင်မှာဖြစ်တယ်လို့ ကရင်ပြည်နယ် နယ်စပ်ရေးရာနဲ့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အဓိကရုဏ်းဖြစ်ပွားခဲ့သည့် ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်

မိတ္ထီလာမြို့၏ လက်ရှိအခြေအနေမှာ တည်ငြိမ်လျက်ရှိသော်လည်း ကျန်းမာရေး ချို့ယွင်းမှုများ ရှိသည်ဟု ဒေသခံ မဖြူက မဇ္ဈိမသို့ပြောသည်။ မဖြူက “နေရာတိုင်းမှာ လူတွေက ညှပ်နေလို့ ကူးစက်မှုတွေ ပိုများလာတယ်။ လူအချင်းချင်း ထိပြီးအိပ်ရတာ တော်တော်ဆိုးတယ်” ဟု ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မတ်လ(၂၈)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ်(၈၆၄)

မတ်လ(၂၈)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ်(၈၆၄)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မတ်လ(၂၈)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ်(၆၂)

မတ်လ(၂၈)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ်(၆၂)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မတ်လ(၂၈)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ်(၆၂)

မတ်လ(၂၈)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ်(၆၂)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





မတ်လ(၃၀)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၃)၊

မတ်လ(၃၀)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းဂျာနယ်  အတွဲ (၂)၊ အမှတ် (၃)၊

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဧပြီလ(၁)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.13

ဧပြီလ(၁)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.13

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ငွေကျပ် နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီ ၅ရက်နေ့ စတင် ချပေးမည်

မတ်လ ၂၉ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော် သမ္မတရုံး၌ ကျင်းပပြုလုပ်ခဲ့သည့်  တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card  များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ငွေကျပ် နှစ်သောင်းတန် ဖုန်းကဒ်များကို လာမည့် ဧပြီ ၅ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သစ် အလုံးလိုက် ပြည်ပတင်ပို့မှုခွင့် ရပ်ဆိုင်းမည်

ပြည်ပသို့ သစ် အလုံးလိုက် တင်ပို့မှုကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ပတ်ဝန်း ကျင်ထိန်း သိမ်းရေးနှင့် သစ်တော ဝန်ကြီးဌာန မှတဆင့် ဆိုသည်။ “သစ်နဲ့ပတ်သက်ပြီး သစ်အချောထည်နဲ့ တဝက်တပျက် အချောထည်အဖြစ်သာ တင်ပို့ခွင့်ကို ဝန်ကြီးဌာနက မတ်လ ၂၉ ရက် နေ့စွဲနဲ့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဝန်ကြီးဌာနများ၏ အဆင့်မြင့်အရာရှိကြီးအချို့ တာဝန်မှ ရပ်စဲ၊ ဌာနလွှဲပြောင်းလိုက်

အစိုးရ ဝန်ကြီးဌာနအချို့မှ အဆင့်မြင့် အရာရှိကြီးများ အပါအဝင် အရာရှိ ၅၀ ကျော်ကို မတ်လ ၂၈ ရက်နေ့တွင် တာဝန်မှ ရပ်စဲကာ အငြိမ်းစားပေးလိုက်ပြီး အချို့ကို ဌာနလွှဲပြောင်း တာဝန်ပေးလိုက်ကြောင်း အစိုးရ ဌာနများနှင့် နီးစပ်သည့် အသိုင်းအဝိုင်း မှတဆင့် သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မင်းလှမြို့ ဆူပူအကြမ်းဖက်မှုကြောင့် လူ ၁၀၀ ကျော် ရန်ကုန် ထွက်ပြေး

မင်းလှမြို့မှာ ဖြစ်ပွားတဲ့ ဆူပူအကြမ်းဖက်မူတွေကြောင့် လူ ၁၀၀ ကျော် မတ်လ ၂၉ရက်နေ့က ရန်ကုန်ကို ထွက်ပြေး ရောက်ရှိလာပါတယ်။ ထွက်ပြေးလာသူတွေထဲမှာ အစ္စလန်ဘာသာဝင်တွေ ပါဝင်သလို ဗုဒ္ဓဘာသာဝင်တွေလည်း ပါဝင်တယ်လို့ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့တွင်းက အပျက်အစီးများကို တွေ့ရစဉ်

ငွေ စက္ကူ ကျပ် ၅ဝဝဝ တန် အတုနှင့် အစစ် ခွဲခြား သိရှိ နိုင်သော အချက်များ

ပြည်သူများ အနေဖြင့် ၅ဝဝဝ ကျပ်တန် ငွေစက္ကူ အတုနှင့် အစစ် ခွဲခြား နိုင်ရန် အတွက် သာမန် အားဖြင့် ထင်သာ မြင်သာ ရှိသည့် အလွယ် တကူ နှိုင်းယှဉ် ခွဲခြား သိရှိ နိုင်သော အောက်ပါ အချက်
အလက် များအား သတိပြု နိုင်ရန် မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ သတင်း ရရှိသည် - --

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်အဖြစ် ဝါရင့်သံတမန် Mark McDowell ကို ခန့်အပ်လိုက်တယ် လို့ ကနေဒါနိုင်ငံ ခြားရေးဝန်ကြီး John Baird က သောကြာနေ့က ကြေညာလိုက်ပါတယ်။ ဒီခန့်အပ်မှုဟာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ကနေဒါနိုင်ငံက သံအမတ် ခန့်အပ်လိုက်တာ လည်း ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

၂၀၁၂ ခုနှစ် မတ်လက မြန်မာနိုင်ငံကို သွားရောက်ခဲ့သူ ကနေဒါနိုင်ငံခြားရေး ဝန်ကြီး John Baird

မြောက်ကိုရီးယား စစ်ရေးအင်အားပြ

မြောက်ကိုရီးယားက အမေရိကန်နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်နိုင်တယ် ဆိုတဲ့  မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်းက ခြိမ်းခြောက်လိုက်တဲ့ အပေါ်မှာ ထောက်ခံတဲ့အနေနဲ့ မြောက်ကိုရီး ယားနိုင်ငံသား သောင်းနဲ့ချီပြီးတော့ စုရုံးခဲ့ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ငြိမ်းချမ်းဖို့ အတွက် မန္တလးမှာ ဘာသာစုံဆုတောင်း

မန္တလေး ဘုရားကြီး တောင်ဘက် အလယ်တိုက် ကျောင်းကြီးမှာ မနေ့ညက ဘာသာပေါင်းစုံ လူအင်အား(၁၅၀)ကျော်က ဘာသာရေး အကြမ်းဘက်မှုတွေ ငြိမ်းချမ်းဖို့ ဘာသာစုံဆုတောင်း
ခဲ့ကြတယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြန်မာ နိုင်ငံက ဗုဒ္ဓဘာသာ အနွယ်ဝင် သူတော်စင် ရဟန်းတွေ

အီစတာပွဲတော် ပုပ်ရဟန်းမင်းကြီး ဦးဆောင်ကျင်းပ

ရေရှု ခရစ်တော်ကို ကားစင်တင်သတ်ဖြစ်တဲ့ အောက်မေ့ဘွယ် အခမ်းအနားကို ရောမမှာရှိတဲ့ ကိုလိုစီယမ်ရှေးဟောင်း အဆောက်အအုံကြီးမှာ Easter Friday ကပြုလုပ်ခဲ့ပါတယ်။ ဒီနေရာမှာ ရှေးခေတ်က ခရစ်ယာန် ဘာသာဝင်တွေ အများအပြား အသတ်ခံရတဲ့ နေရာလို့ အများစုက ယုံကြည်ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နှိမ့်ချမှုကိုပြသတဲ့ ပုပ်ရဟန်းမင်းကြီး

တိဗက်မှာ မြေပြိုလို့ မိုင်းလုပ်သားတွေ ပိတ်မိနေ

တိဗက် မြို့တော် Lhasa လာဆာမှာ မြေပြိုမှု ဖြစ်ခဲ့လို့ ပိတ်မိနေတဲ့ မိုင်းတွင်း လုပ်သား ၈၃ယောက်ကို ကယ်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေး အဖွဲ့တွေက ကြိုးစားနေကြတယ်လို့ တရုတ် နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Lhasa မြို့က လှပတဲ့ တနေရာ

ကိုရီးယားအရေး ထိန်းသိမ်းကြဖို့ တိုက်တွန်း

ကိုရီးယား ကျွန်းစွယ်မှာ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်လာ နိုင်ချေ ရှိနေတဲ့ အတွက် သက်ဆိုင်သူ အားလုံး အနေနဲ့ အဲဒီလို မဖြစ် ရအောင် ရှောင်ရှား ကြဖို့ကို တရုတ်နဲ့ ရုရှား နိုင်ငံ တို့က တိုက်တွန်း လိုက်ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကက်ဂျုံအန်း ကနေ တာဝေးပစ် မစ်ဇိုင်း တွေကို အသင့် အနေ အထား ထားရှိဖို့ အမိန့် ပေးလိုက်တဲ့ အတွက်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကက်ဂျုံအန်း ကနေ တာဝေးပစ် မစ်ဇိုင်း တွေကို အသင့် အနေ အထား ထားရှိဖို့ အမိန့် ပေးခဲ့

အမှန်တွင် မြန်မာနိုင်ငံ၌ အယ်ကိုင်ဒါများရှိနေ

လတ်တလော ဖြစ်ပေါ်နေသော ဆူပူများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတမိန့်ခွန်းသည် ယျေဘူယျ ဆန်လွန်းနေပြီး ပြတ်သားမှု မရှိကြောင်း အမှန်တကယ်တွင် မြန်မာနိုင်ငံ၌ အယ်ကိုင်ဒါ ကဲ့သို့သော အစွန်းရောက် မူစလင်အချို့ ရှိနေကြောင်း သတင်းစာ ဆရာကြီး ဖိုးသောကြာက မတ်လ ၂၉ ရက်နေ့တွင် ပြောကြား လိုက်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ -  မြန်မာ့ခေတ်

ဧပြီလ(၁)ရက်နေ့ ထုတ် Playmaker အားကစားဂျာနယ် အမှတ်စဉ် -၂၃၆

ဧပြီလ(၁)ရက်နေ့ ထုတ် Playmaker အားကစားဂျာနယ် အမှတ်စဉ် -၂၃၆

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မတ်လ(၂၉)ရက်နေ့ ထုတ် Focus Online Issue 35

မတ်လ(၂၉)ရက်နေ့ ထုတ် Focus Online Issue 35

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည်

လာမယ့် ဧပြီလထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို သွားဖို့ရှိနေပြီး မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဂျပန်နိုင်ငံကို ခရီးထွက်ဖို့ ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံ အတွင်းမှာ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အချိန် နိုင်ငံ အတွက် အရေးပါဆုံး ပုဂ္ဂိုလ်နှစ် ဦးစလုံး ခရီးထွက်မှာကို ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိပါတယ်။ အဲဒီလို စိုးရိမ်မှုတွေ ရှိနေသလို နိုင်ငံရဲ့ အခြေအနေ တည်ငြိမ်အောင် ထိန်းထားနိုင်တယ်လို့ ယုံကြည်ပုံရတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။  ဒီအကြောင်းကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာပါ။

သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံမှာ ဧပြီလ ၆ ရက် နေ့ကနေ ၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမဲ့ အာရှ နှစ်ပတ်လည်ညီလာခံကို တက်ရောက်ဖို့ ရှိနေတယ်လို့ နိုင်ငံတော်သမ္မတရုံးနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောဆိုလာတာပါ။

တစ်ချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ဧပြီလ ၁၂ ရက်နေ့မှာ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

အခုလို နိုင်ငံအတွက် အရေးပါတဲ့ ခေါင်းဆောင်နှစ်ဦးလုံးက တိုင်းပြည်မှာ အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်ပေါ်နေချိန် ပြည်တွင်းကနေ ပြည်ပခရီးသွားရောက်ဖို့တွေ ရှိနေတဲ့အပေါ်မှာ စိုးရိမ်မှု တချို့ ရှိနေကြပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ဥက္ကဋ္ဌ ဖြစ်သူ ဦးသုဝေက အခုလိုအချိန်မှာ နိုင်ငံရဲ့ အလေးထားရတဲ့ သူနှစ်ဦး ပြည်ပခရီးသွားမယ်ဆိုတာကို အနည်းငယ်စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“ဖြစ်သင့်တာကတော့ တိုင်းပြည်မှာ အရေးကြီးတဲ့ခေါင်းဆောင်များဟာ တိုင်းပြည်မှာ အခက်အခဲတွေ တွေ့နေတဲ့ ကာလမှာတော့ သူတို့က တိုင်းပြည်မှာပဲ ရှိသင့်တာပေါ့နော်။
ချိန်းပြီးသားတောင်မှပဲ အချိန်းအချက်တွေကို ဖျက်ပြီးတော့ သက်ဆိုင်ရာ အခြေအနေတွေ ကို ဖြေရှင်းဖို့က အရင်ဦးစားပေး တာပေါ့နော်။ တစ်ခုတော့ ရှိတာပေါ့။ ကျနော်တို့ အခု တိုင်းပြည်မှာ ညက ဆိုလို့ရှိရင် သမ္မတကြီးက တိုင်းပြည်အတွက်ကို ပြောကြားတဲ့ မိန့်ခွန်း ရှိတာပေါ့နော်။ သူပြောတာကတော့ ကျနော် အတော်ကြိုက်ပါတယ်။ ကောင်းပါတယ်။ အားလုံး အေးအေးဆေးဆေး ဖြစ်သွားအောင်ပေါ့နော်။ အကယ်၍များ အဲဒီဟာကြောင့်မို့လို့ လူတွေကလည်း လူတွေကလည်း အေးအေးချမ်းချမ်း ဖြစ်သွားမယ်၊ နောက်ပြီး အစိုးရ ကလည်း သေသေချာချာလေး ဂရုတစိုက်နဲ့ထားမယ်ဆိုရင်တော့ တိုင်းပြည်က ငြိမ်သွားမှာပေါ့နော်။ အဲလို ငြိမ်သွားလို့ သွားမယ်ဆိုရင်တော့လည်း ကောင်းပါတယ်။ တိုင်းပြည်အတွက် သွားတာပဲ-ပေါ့နော်။”

နိုင်ငံတော်သမ္မတဟာ အခုတစ်ကြိမ်သွားရောက်မယ့် ခရီးစဉ်နဲ့ဆိုရင် သူ့ရဲ့သမ္မတသက်တမ်းအတွင်း ၃ ကြိမ်မြောက် တရုတ်နိုင်ငံကို သွားရောက်မယ့်ခရီးစဉ်လည်း ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်ဟာ ဧပြီလ ၁၂ ရက်မှာ စတင်မှာဖြစ်ပေမဲ့ ဘယ်လောက် ကြာမယ် ဆိုတာကိုတော့ မသိနိုင်ဘူးလို့ ဦးဉာဏ်ဝင်းက ပြောထားတာပါ။

ခေါင်းဆောင် (၂) ဦးဟာ အခုလို တိုင်းပြည်မှာ အနည်းငယ် မငြိမ်မသက်ဖြစ်နေပေမဲ့ ပြည်ပ နိုင်ငံတွေကို သွားဖို့ ဆုံးဖြတ်ကြတာဟာ သူတို့မှာ ယုံကြည်မှုတွေရှိလို့ သွားရဲတာဖြစ်နိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။

“ဒါကတော့ ဒီလိုပဲ ရှိမှာပဲလေ။ ဗမာရဲ့သမိုင်းကြောင်းက အဲလိုပဲလေ။ ရုတ်ရုတ်..ရုတ်ရုတ် ကတော့ ဖြစ်နေမှာပဲ။ သွားတာလည်း သူ့ဟာသူ သွားမှာပဲ။ ….တစ်ခုပဲ ရှိတယ်။ ပြောလို့မရတာကတော့ ရှမ်းပြည်ဘက်လည်း ပြောလို့ မရဘူး။ ရှမ်းပြည်ဘက်ကလည်း နည်းနည်း (စစ်) ထိုးနေတယ်ဗျ။”

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခရီးသွားပေမဲ့လည်း ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုအနေနဲ့ ကိုယ်လုံခြုံရေးအတွက်ကို အမြဲ သတိရှိရှိနဲ့ နေထိုင်နိုင်မယ်ဆိုရင် ပြဿနာတွေ ဖြစ်လာနိုင်ဖို့က နည်းတယ်လို့လည်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

“နိုင်ငံကို အုပ်ချုပ်တဲ့ သမ္မတတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့- သူတို့အောက်ကရှိတဲ့သူတွေ၊  သက်ဆိုင်ရာ လုံခြုံရေးတို့၊ တပ်မတော်ပိုင်းတို့၊ နောက် အုပ်ချုပ်ပိုင်ခွင့်ရှိတဲ့ကဏ္ဍက ဝန်ကြီးတွေအပေါ် မူတည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပဲ သွားသွား၊ ဦးသိန်းစိန်ပဲ သွားသွား၊ အဆင့်ဆင့်အုပ်ချုပ်ရတဲ့ ဌာနဆိုင်ရာတွေမှာ မူတည်ပါတယ်။ အဓိက-ကတော့ ပြည်သူတွေရဲ့ နေရေးထိုင်ရေးမှာ ကိုယ့်စည်းကမ်းနဲ့ကိုယ် နေဖို့ အရေးကြီးပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ဟာ ဂျပန်နိုင်ငံကိုသွားရောက်မဲ့ ခရီးစဉ်မှာမြို့တော် တိုကျိုကို သွားရောက်မှာ ဖြစ်တဲ့အပြင် ၁၉၈၅ -၁၉၈၆ ကာလတွေအတွင်းသူမ ပညာသင်ခဲ့တဲ့ ကျိုတိုမြို့ကိုလည်း လည်ပတ်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ့တရုတ်ပြည်ခရီးစဉ်ကတော့ တရုတ်နိုင်ငံက ထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲ ဖြစ်ပြီးချိန်မှာ ပထမဆုံး သွားရောက်လည်ပတ်တဲ့ ခရီးစဉ်တစ်ခုလည်း ဖြစ်လာမှာပါ။
သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သွားရောက်မဲ့ တရုတ်နဲ့ဂျပန် နှစ်နိုင်ငံဟာ ဆိုရင် မြန်မာပြည်နဲ့ ထိတွေ့ ဆက်ဆံရေးတွေ အများကြီးရှိတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အရင်စစ်ခေါင်းဆောင်တွေလက်ထက်မှာ မြန်မာနိုင်ငံနဲ့  ဆက်ဆံရေး ကောင်းမွန် ခဲ့ပြီး ပြည်တွင်းမှာလည်း စစ်တပ်နဲ့အတူ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း အမြောက်အမြား ရင်နှီး လုပ်ကိုင်ခဲ့တာပါ။

ဂျပန်နိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ အစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အစဉ်တစိုက် တွန်းအားပေးဖို့ ကူညီ ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ မကြာသေးခင်တုန်းကဆိုရင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေမှာ ပိုပြီးတိုးတက်ဖို့ မြန်မာနိုင်ငံက တင်နေတဲ့ ကြွေးမြီကင်းအော် ကူညီဆပ်ပေးခဲ့တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်ခင်ဗျာ။

အောင်ရဲ မောင်မောင် (ဗွီအိုအေ)



အဓိကရုဏ်းတွေမှာ အာဏာပိုင်တချို့ ပတ်သက်မှုရှိတယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော

လတ်တလောဖြစ်ပွားနေတဲ့ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အကြမ်းဖက်တိုက်ခိုက်မှု တချို့မှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေ မိမိရရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က မနေ့က ပြောလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ မလုပ်ကြဖို့ အစိုးရကော်မရှင် တောင်းဆို

လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တပ်သားသစ် စုဆောင်းခြင်းတွေ မပြုလုပ်ကြဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မနေ့က မတ်လ ၂၈ ရက်မှာ ကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဆူပူအကြမ်းဖက်မှုတွေဟာ လူတစုရဲ့ အကွက်ကျ စီစဉ်မှုလို့ ဒေသခံတွေက ယူဆနေ (ရုပ်/သံ)

ပဲခူးတိုင်းအတွင်း မြို့နယ်တချို့က ဆူပူအကြမ်းဖက်မှုတွေဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး လူတစုရဲ့ အကွက်ကျ စီစဉ်မှုလို့ ဒေသခံတွေက ယူဆနေပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါတင်ဆက်။ ရိုက်ကူး အောင်ထွန်းမြင့်

(ရုပ်/သံ) ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်/သံ)

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ အဓိကရုဏ်းတွေ ငြိမ်းအေးသွားစေဖို့ ရည်ရွယ်ချက်နဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲတခုကို ရန်ကုန်မြို့မှာ ၂ဝ၁၃ မတ်လ ၂၈ရက်၊ မနေ့က ပြုလုပ်ခဲ့ပါတယ်။
အပြည့်အစုံကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

(ရုပ်/သံ) ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


ကြေးနီစီမံကိန်းသပိတ်ဖြိုခွင်းသူများကို အရေးယူပေးဖို့ လူ၅ဝခန့် ရန်ကုန်တွင် ဆန္ဒပြ (ရုပ်/သံ)

လက်ပံတောင်းတောင် စီမံကိန်းဆန့်ကျင်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်နှိမ်နင်းခဲ့တာ ၄လပြည့်တဲ့ မတ်လ ၂၉ရက်နေ့မှာ လှုပ်ရှားတက်ကြွသူ ၅ဝလောက် ရန်ကုန်မှာ ဆန္ဒပြခဲ့ပါတယ်။

(ရုပ်/သံ) ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




ဖုန်းဆင်းကတ်တွေ ဈေးလျှော့ရောင်းဖို့ နီးကပ်လာတာနဲ့အမျှ ဟန်းဆက်ဈေးနှုန်းတွေ မြင့်တက် (ရုပ်/သံ)

ကျပ်ထောင်ဂဏန်းသာ ပေးရမယ့် ဖုန်းဆင်းကတ်တွေ ရောင်းချမယ်လို့ ကြေညာ ထားတဲ့ကာလ တစတစ နီးကပ်လာတာနဲ့အမျှ ဖုန်းဟန်းဆက်တွေ ဈေးတွေ မြင့်တက်လာ နေပါတယ်။

(ရုပ်/သံ) ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




ခွင့်ပြုချက် မရှိသဖြင့် ကြို့ပင်ကောက်မြို့အထိသာ ကူညီရေးပစ္စည်းများ ပေးအပ်နိုင်

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသောကြောင့် ကြိုတင်ခွင့်ပြုချက် မတောင်းခံထားခြင်း မရှိပါက မည်သည့် လုပ်ငန်းကိစ္စရပ်ကိုမှ ခွင့်မပြုနိုင်ကြောင်း ကြို့ပင်ကောက်မြို့နယ် အုပ်ချူပ်ရေးမှူးက တားမြစ်ခဲ့သောကြောင့် ကူညီရေးပစ္စည်းများကို ကြို့ပင်ကောက်မြို့တွင်သာ ပေးအပ်နိုင်ခဲ့သည်ဟု ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ - Kamayut Media



သမ္မတပြောသည့်အတိုင်း လိုက်လုပ်ရန်လိုအပ်ကြောင်း ဘာသာရေးခေါင်းဆောင်အချို့ ထောက်ပြ

မတ်လ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည့် သမ္မတ၏ မိန့်ခွန်းတွင် ပါရှိသည့် တရားဥပဒေ စိုးမိုးရေးတွင် အဓိက တာဝန်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဥပဒေနှင့်အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည့် တိုက်တွန်းချက်နှင့် ပတ်သတ်ပြီး လက်အောက်ခံ အဖွဲ့အစည်းများက လိုက်လံ လုပ်ဆောင်ရန် လိုကြောင်း---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရန်ကုန်မြို့  YMCA ခန်းမ၌ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ပြုလုပ်သော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး တရားနာပွဲနှင့် ဆုတောင်းပွဲ အခမ်းအနားသို့ ဘာသာပေါင်းစုံမှ ပရိသတ် ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ (ဓာတ်ပုံ - စောဇင်ညီ၊ မဇ္ဈိမ)

ဂျော်ဒန်မှာ အခွင့်အရေးတွေ ချိုးဖေါက်ခံရတဲ့ မြန်မာ အလုပ်သမားတွေ ပြန်လာ

ဂျော်ဒန်နိုင်ငံက CMJ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေထဲက ၁၀၀ နီးပါးလောက်ဟာ စက်ရုံအုပ်ချုပ်ရေးက အလုပ်သမားအခွင့်အရေး ဆက်လက် ချိုးဖေါက်နေတာကြောင့် သူတို့ သဘောဆန္ဒအတိုင်း အလုပ်ထွက်လိုက်ကြပြီး မတ်လ ၂၉ ရက် ဒီကနေ့ မနက်ပိုင်းက ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ပြည်သူနှင့် အစိုးရပူးပေါင်းခြင်းဖြင့် အကြမ်းဖက်မှုများအား တားဆီးနိုင်

လွန်ခဲ့သည့် လေးလခန့်က တန်ဆောင်တိုင်လပြည့်ညတွင် လက်ပံတောင်းတောင် ဒေသအတွင်း အကြမ်းဖက် နှိမ်နင်းခဲ့မှုကြောင့် ဒေသခံများအပါအဝင် ရဟန်းရှင်လူ ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သောကြောင့် တရားဥပဒေ စိုးမိုးမှု ရှိစေရန် ရည်ရွယ်၍ ဆန္ဒဖော်ထုတ်ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက် နှိမ်နင်းမှုတွင် ပါဝင်ပတ်သက်သူများကို အရေးယူမှု မရှိပါက လစဉ် ၂၉ ရက်နေ့များတွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပဲခူးတိုင်းအနောက်ခြမ်းတွင် အာဏာပိုင်များက ကူညီရေးအဖွဲ့ကို တားဆီး၊ ဆူပူအကြမ်းဖက်မှုများကို မဟန့်တား (ရုပ်/သံ)

ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူဝင်း၊ ဆရာမဒေါ်သန်းမြင့်အောင်နဲ့ မနီလာသိန်းတို့ ဦးဆောင်ပြီး ပဲခူးတိုင်းအနောက်ခြမ်းက ကြို့ပင်ကောက်မြို့ကို မတ်လ ၂၈ရက်နေ့က သွားရောက်ခဲ့ပြီး စိုးရိမ်ထိတ်လန့်နေတဲ့ ဒေသခံပြည်သူတွေကို အားပေးခဲ့ပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ တားဆီးမှုကြောင့် ရန်ကုန်ကို ပြန်လာခဲ့ရပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ





ထူးဆန်းစွာ ပျောက်ဆုံးနေသူ ကိုရဲမင်းဦးအား ရဲက စစ်မေးနေခြင်းဖြစ်ဟု ၈၈ ပြော

လွန်ခဲ့သည့် မတ်လ ၂၅ ရက်နေ့က စ၍ ပျောက်ဆုံးနေသည့် ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဦးမှာ ရန်ကုန်တိုင်းရဲမှ ခေါ်ယူစစ်ဆေးနေ၍ ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုကိုကြီးက မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းတွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ရန်ကုန်တက္ကစီများ မီတာစနစ်ဖြင့် ပြေးဆွဲရေး စတင်လုပ်ဆောင်

ရန်ကုန်မြို့က တက္ကစီကားတွေကို မြို့တော်စည်ပင် ထံကနေ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(မထသ)က လွှဲပြောင်းယူပြီး မီတာစနစ်နဲ့ ပြေးဆွဲဖို့ စတင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မထသဥက္ကဋ္ဌ ဦးလှအောင်ကို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




တစ်လလျှင် Sim Card (၃၅ဝဝဝဝ)နှုန်း စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည်

''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့်အတွက် ဆက်သွယ်ရေး ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card  များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ။ ဓါတ်ပုံ - သမ္မတရုံးဝက်ဆိုဒ်

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ