မုံရွာပြည်သူ့ဆေးရုံကြီးတွင် အမျိုးသမီးလူနာ တစ်ဦးကို သွေးအုပ်စုမှားသွင်း


သားပျက်ကျ၍ ဆေးဝါးကုမှု ခံယူနေသော အသက် ၄၀ နှစ်အရွယ် အမျိုးသမီး လူနာတစ်ဦးကို စစ်ကိုင်းတိုင်း ဒေသကြီး၏ မြို့တော် မုံရွာ ပြည်သူဆေးရုံကြီးနှင့် ဒီပဲယင်းဆေးရုံ တို့တွင် စက်တင်ဘာလ ၁၆ရက်နေ့နှင့် ၁၇ရက်နေ့တို့က သွေး အုပ်စု မှားသွင်းခဲ့ကြောင်း မုံရွာ ပြည်သူ့ဆေးရုံကြီး ဓာတ်ခွဲခန်းဌာနမှ တာဝန်ရှိ ဆရာဝန်ကြီး တစ်ဦးက ပြောကြားသည်။ လူနာမှာ ဒီပဲယင်းဆေးရုံမှ မုံရွာ ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှု ခံယူခဲ့ပြီး စက်တင်ဘာ ပထမပတ်က ဒီပဲယင်းဆေးရုံကြီး တွင် လူနာကို သွေးသွင်းကုသခဲ့ရာ သွေးအုပ်စုမှာ အိုသွေး ဖြစ်သော်လည်း အေသွေး နှစ်လုံး သွင်းခဲ့မိကြောင်း မုံရွာဆေးရုံကြီးသို့ ရောက်ရှိလာစဉ် သွေးစစ်ဆေးမှုအရ သွေး ရောနေပြီး သွေးအုပ်စု စစ်ဆေးမှုတွင်အခက်အခဲ ရှိခဲ့ကာ မုံရွာဆေးရုံကြီးတွင် အေဘီသွေး ပုလင်းနှစ်လုံး နီးပါး ထပ်မံ သွင်းမိခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မုံရွာပြည်သူ့ဆေးရုံကြီးတွင် အမျိုးသမီးလူနာ တစ်ဦးကို သွေးအုပ်စုမှားသွင်း မုံရွာပြည်သူ့ဆေးရုံကြီးတွင် အမျိုးသမီးလူနာ တစ်ဦးကို သွေးအုပ်စုမှားသွင်း Reviewed by သစ်ထူးလွင် on 22:36 Rating: 5
Powered by Blogger.