ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသူ ဒါဇင်နှင့်ချီပြီး ရသေ့တောင်မြို့နယ်တွင် ဖမ်းမိ

ဘင်္ဂလာဒေခ်ျ့မှ စက်လှေ တစ်စီးဖြင့် ၀င်ရောက်လာသူ အနည်းဆုံး လူ ၁၈ ဦးကို ရသေ့တောင်မြို့နယ် တွင် သက်ဆိုင်ရာ နယ်မြေခံ စစ်တပ် တပ်ရင်း တစ်ခုက ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။ ရသေ့တောင်မြို့နယ် တောင်ပိုင်း ချိန်ခါလီရွာတွင် လွန်ခဲ့သော တနင်္ဂနွေနေ့ နံနက် စောစောပိုင်း ညဥ့်အချိန်တွင် ဖမ်းမိခြင်း ဖြစ်ကြောင်း  ရသေ့တောင်မြို့နယ် လောင်းချောင်းရဲစခန်းမှူးက အတည်ပြု ပြောကြားသည်။ “ ကျနော်ရသလောက် သတင်းကို ပြောရရင် စုစုပေါင်း ၁၈ ဦး ဖမ်းမိပါတယ်။ ဘင်္ဂလာကလည်း ပါတယ်။ မြန်မာဘက်ကလည်း ပါတယ်။ သူတို့  ဘာကြောင့်ဝင်လာသလဲ ဆိုတာတော့ အဖမ်းခံရတဲ့ သူတွေ ကျနော်တို့ စခန်းကို မရောက်သေးတဲ့ အတွက် တိတိကျကျ ပြောလို့ မရသေးဘူး” ဟု ဆိုသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသူ ဒါဇင်နှင့်ချီပြီး ရသေ့တောင်မြို့နယ်တွင် ဖမ်းမိ ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသူ ဒါဇင်နှင့်ချီပြီး ရသေ့တောင်မြို့နယ်တွင် ဖမ်းမိ Reviewed by သစ်ထူးလွင် on 14:21 Rating: 5
Powered by Blogger.