အမုန်းတရားမရှိသဖြင့် အောင်မြင်မှုရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော


အမုန်းတရားတွေမရှိခဲ့လို့ အောင်မြင်မှုတွေ ရတာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ  အောက်တိုဘာလ ၂၉  ရက်နေ့  အီတလီ နိုင်ငံက ချီးမြှင့်တဲ့ တူရင်းန်မြို့တော်သူဆု လက်ခံရယူပြီး ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုလိုက်တာပါ။ “ကျမနေအိမ် အကျယ်ချုပ်ကျခံနေရတဲ့ အချိန်မှာ မကြာခဏ စဉ်းစားမိပါတယ်။ ကျမ စစ်အာဏာရှင်ကို စတင်မုန်းတဲ့နေ့ဟာ ကျမ ရှုံးနိမ့်မယ့်နေ့လို့။ ဒါပေမယ့် ကျမသူတို့ကို ဘယ်တော့မှ မမုန်းပါဘူး။ ဒါတွေကြောင့် ကျမနဲ့ အတူ ကျမလူတွေလည်း အကြိမ်ကြိမ် အောင်မြင်မှုတွေ ရလာတာပါ။ ကျမတို့ကြိုးစားဖို့ မျှော်လင့်နေတာက အမုန်းတရားမဟုတ်ပါဘူး။ ခါးသီးမှုတွေ ခံစားနေရလို့လည်း မဟုတ်ပါဘူး။ နားလည်မှုတွေ အခြေခံအားဖြစ်တော့ လူ့တန်ဖိုးတွေကို မျှဝေကြတာတွေ နဲ့ မတူကွဲပြားမှုတွေအကြားမှာ အောင်မြင်တွေရလာတာဖြစ်ပါတယ်။” ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အမုန်းတရားမရှိသဖြင့် အောင်မြင်မှုရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော အမုန်းတရားမရှိသဖြင့် အောင်မြင်မှုရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော Reviewed by သစ်ထူးလွင် on 18:08 Rating: 5
Powered by Blogger.