ပြိုင်ကားစစ်ဆေးသည့် ရဲဝန်ထမ်းသုံးဦး ယာဉ်တိုက်ခံရ


ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်လမ်းမပေါ် တံတားဖြူ ကားမှတ်တိုင်အနီးတွင် သြဂုတ်လ ၃၀ ရက် ည ၁၂ အချိန်ခန့်က ပြိုင်ကားစစ်ဆေးရေးဂိတ်တွင် ယာဉ်စစ်နေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး ယာဉ်တိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ကမာရွတ်မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။ စစ်ဆေးရေးဂိတ်တွင် တိုယိုတာကိုရိုလာ အမျိုးအစား အငှားယာဉ်တစ်စီးကို လုံခြုံရေးတာဝန်အရ စစ်ဆေးနေစဉ် ယင်းကား၏ နောက်ပိုင်းကို အရှိန်ဖြင့် မောင်းနှင်လာသည့် Probox အမျိုးအစား ကိုယ်ပိုင်ယာဉ်တစ်စီးက ဝင်တိုက်ခဲ့ရာ ကိုရိုလာ (အငှားယာဉ်) ယာဉ်ရှေ့ရှိ ရဲတပ်ဖွဲ့ဝင် သုံးဦးကို တိုက်ခဲ့မိခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပြိုင်ကားစစ်ဆေးသည့် ရဲဝန်ထမ်းသုံးဦး ယာဉ်တိုက်ခံရ ပြိုင်ကားစစ်ဆေးသည့် ရဲဝန်ထမ်းသုံးဦး ယာဉ်တိုက်ခံရ Reviewed by သစ်ထူးလွင် on 19:25 Rating: 5
Powered by Blogger.