မူဆယ် (၁၀၅) မိုင်ဂိတ်မှာ ကျောက်စိမ်းကား ဖမ်းဆီးရမိ


၃-၉-၃၀၁၃ ရက်နေ့တွင် မူဆယ်(၁၀၅)မိုင် အကောက်ခွန်ယာဉ်ငယ် စစ်ဆေးရေးအဖွဲ့မှ လားရှိုးမှ မူဆယ် သို့ တက်လာသည့် (၈ည/၇၅၆၀) တိုယိုတာ လိုက်ထရပ်ယာဉ်အား စစ်ဆေးရာ တဖက်နိုင်ငံသို့ တရားမ၀င် တင်ပို့မည်ဖြစ်သော ကျောက်စိမ်းတုံးများ စုစုပေါင်း (၄၇၆)ကီလိုအား တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။ ကျောက်စိမ်းတုံးများ တရားမ၀င် သယ်ဆောင်လာသည့် အဆိုပါ တိုယိုတာလိုက်ထရပ်ယာဉ်အား တပါတည်း သိမ်းဆည်းခဲ့ကြောင်း သိရရှိပါသည်။ တဖက်နိုင်ငံဖြစ်သည့် တရုပ်နိုင်ငံ သို့ တရားမ၀င်တင်ပို့မှုများ ရှိသောကြောင့် ရွှေလီ တွင် ကျောက်စိမ်းဈေးကွက် ကြီးမားနေရကြောင်း သိရရှိပါသည်။

စွမ်းသူလင်း

by Myanmar News Now

မူဆယ် (၁၀၅) မိုင်ဂိတ်မှာ  ကျောက်စိမ်းကား ဖမ်းဆီးရမိ


မူဆယ် (၁၀၅) မိုင်ဂိတ်မှာ ကျောက်စိမ်းကား ဖမ်းဆီးရမိ မူဆယ် (၁၀၅) မိုင်ဂိတ်မှာ  ကျောက်စိမ်းကား ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 16:57 Rating: 5
Powered by Blogger.