ခင်ပွန်းကို အိပ်ဆေးတိုက်၊ ဓါးနှင့်ခုတ်သတ်သည့်ဇနီး

မြိုင်   သြဂုတ်   ၅

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် ဗဟင်းရဲစခန်းပိုင် တောင်စုံ အုပ်စု ဘောင့်ဘင်ကျေး ရွာတော၌ ဇူလိုင် ၂၇ ရက် ညက လူသတ်မှု ဖြစ်ပွား သည်။

 ဖြစ်စဉ်မှာ သေဆုံးသူ (သန်းထွန်း) (၄၂နှစ်)ကိုဇနီးဖြစ်သူ မနှင်းရွှေ (၄၃နှစ်) က ခင်ပွန်းဖြစ်သူကို အိပ်ဆေးတိုက်ပြီး အိပ်ပျော်နေစဉ် လည်ပင်း ကို ဓားနှင့်လှီး ပြီး ဓားမဖြင့် ရှစ်ချက်ဆက်တိုက်ခုတ်သတ်ကြောင်း။ 

သေဆုံးသူ  ကိုသန်းထွန်းနှင့် သတ်သူ မနှင်းရွှေတို့မှာ သားသမီးသုံးဦးရှိပြီး စီးပွားရေးချုပ်ကိုင်လွန်းသည်ဟု ဆိုကာ သတ်ရခြင်းဖြစ်ကြောင်း ၄င်းအမှုကို  မြိုင်မြို့နယ် ဗဟင်းရဲစခန်း စခန်းမှူး ရဲအုပ်ဇော်လင်းနိုင်နှင့်  နယ်ထိန်းရဲတပ်ဖွဲ့တို့က   နာရီပိုင်းအတွင်း ဖမ်းဆီးပြီး အမှုကို ဆက်လက်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။     

စိန်မြိုင် - သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း



ခင်ပွန်းကို အိပ်ဆေးတိုက်၊ ဓါးနှင့်ခုတ်သတ်သည့်ဇနီး ခင်ပွန်းကို အိပ်ဆေးတိုက်၊ ဓါးနှင့်ခုတ်သတ်သည့်ဇနီး Reviewed by သစ်ထူးလွင် on 05:57 Rating: 5
Powered by Blogger.