အမျိုးသမီးတစ်ဦး ရေတွင်းထဲသို့ခုန်ချသေဆုံး


ပဲခူးမြို့၊အမှတ်(၃)စခန်း အပိုင်၊ ဥသာမြို့သစ်(၅) ရပ်ကွက်တွင် အမျိုးသမီး(၁)ဦး ရေတွင်းထဲတွင်ခုန်ချသေဆုံး နေကြောင်း သတင်းအရ စခန်းမှူးရဲအုပ် ဇော်လင်းနှင့် အဖွဲ့သည် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဥသာမြို့သစ်(၅)ရပ်ကွက်၊ စစ်မှုထမ်းဟောင်းအိမ်ရာ၊ အမှတ်(၄၄)နေ ၊ဦး……….၏ဇနီးဖြစ်သူ မရွှေစင်ဌေး၊ အသက်(၂၆)နှစ်၊(ဘ)ဦးစိန်မြင့်၊မှီခို(အတူနေ)မှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ သေဆုံးနေကြောင်း သိရှိရသည်။

သေဆုံးသူမရွှေစင်ဌေးသည် စစ်မှုထမ်းဟောင်းအိမ်ရာရှိ မိသားစုဝင်များ အသုံးပြုသော အကျယ်
(၃)ပေ၊အနက်(၁၅)ပေခန့်ရှိ ရေပြည့်နေသော ရေတွင်းထဲသို့(၂၆.၈.၂၀၁၃)နေ့ နေ့လည် (၁၂း၀၀)အချိန်ခန့်က ခုန်ချသည်ကို ကို……..မှတွေ့ရှိ၍ အော်ဟစ်အကူ အညီတောင်းခံရာ ပတ်ဝန်းကျင်မှလူများ ရောက်ရှိလာပြီး မရွှေစင်ဌေးအား ရေတွင်းထဲမှ ဆယ်ယူသော်လည်း ၄င်းမှာသေဆုံးနေပြီ ဖြစ်ကြောင်းသိရှိရသည်။ ထိုအမှုအား အမှတ်(၃)စခန်းမှ သေမှုသေခင်း အမှတ်စဉ်(၈/၂၀၁၃)
အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

Ko Thant Zin
by Myanmar News Now

အမျိုးသမီးတစ်ဦး ရေတွင်းထဲသို့ခုန်ချသေဆုံး အမျိုးသမီးတစ်ဦး ရေတွင်းထဲသို့ခုန်ချသေဆုံး Reviewed by သစ်ထူးလွင် on 18:30 Rating: 5
Powered by Blogger.