ရထားမရပ်မီ ခုန်ချသဖြင့် ခြေချော်ကာ ရထားတိုက်မိသေဆုံး


ရန်ကုန်၊ သြဂုတ် ၂၄

၂၃.၈.၂၀၁၃ ရက်နေ့ ၁၆၅၀ အချိန် သန်လျင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်၊ အောင်သုခ ဘူတာအနီး၊ မိုင်တိုင်အမှတ် (၁၄/၇-၈)ရှေ့တွင် ကားရထားပေါ်မှလူတစ်ဦး ပြုတ်ကျသေဆုံး နေကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ မြ၀င်း၊၄၁ နှစ် ၊မြို့ဟောင်းအရှေ့ ရပ်ကွက်၊ သန်လျင်မြို့နေသူဖြစ်ပြီး ဦးခေါင်း နောက်စေ့ ကွဲဒဏ်ရာ၊ ၀ဲ/ယာလက်ဖ၀ါး ပြတ်ရှဒဏ်ရာနှင့် လက်ဖျံရိုးကျိုးပဲ့၊ သွေးထွက်ပေါက်ပြဲ ဒဏ်ရာတို့ဖြင့် သေဆုံးနေသည် ကိုစစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် သန်လျင်အုတ်ဖိုစုဘူတာမှ အောင်သုခ ဘူတာသို့ ကားရထား၏ ဒုတိယတွဲမှ လိုက်ပါစီးနင်းခဲ့ရာ အောင်သုခ ဘူတာအနီး အရောက်တွင် ရထား မရပ်မီ အောက်သို့
ခုန်ဆင်းစဉ် ခြေချော်ကျပြီး ကားရထားနှင့် တိုက်မိကာ သေဆုံးခဲ့ခြင်း ဖြစ် ကြောင်း စုံစမ်းသိရှိရသဖြင့် သန်လျင်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၂၁/၂၀၁၃ ဖြင့် ရေးဖွင့်ကာ စုံစမ်းဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိုပါသည်။

Yangon Police


ရထားမရပ်မီ ခုန်ချသဖြင့် ခြေချော်ကာ ရထားတိုက်မိသေဆုံး ရထားမရပ်မီ ခုန်ချသဖြင့် ခြေချော်ကာ ရထားတိုက်မိသေဆုံး Reviewed by သစ်ထူးလွင် on 18:07 Rating: 5
Powered by Blogger.