သုံးခွ NLD လွှတ်တော် ကိုယ်စားလှယ် ကိစ္စ ထုတ်ဖော်ရှင်းလင်း

ဇူလိုင် ၉ ရက်နေ့  ၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး၊ သုံးခွမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်သည် ကျန်းမာရေး အခြေအနေအရ ဆေးကုသမှု ခံနေရစဉ် အတောအတွင်း ပြည်သူများ အကြား ကိုယ်စားလှယ် အနေဖြင့် မဲဆန္ဒနယ်မြေမှာ ပြည်သူလူထု အကျိုး ဆောင်ရွက်ခြင်း မရှိသည့် အတွက်ကြောင့် ကိုယ်စားလှယ် အစားထိုး လဲလှယ်ပေးရန် သုံးခွမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် တစ်ဦးမှ တင်ပြ တောင်းဆိုခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာ ပြီးနောက် ပြည်သူများအကြား ကိုယ်စားလှယ်အပေါ် အကြည်အညို ပျက်စေနိုင်သည့် ကောလဟလ သတင်းများ ထွက်ပေါ်နေမှုကြောင့် လွတ်တော် ကိုယ်စားလှယ်၏ ကိုယ်စားလှယ် ဦးထင်အောင်မှ ကိုယ်စားလှယ်၏ ဆောင်ရွက်ခဲ့မှုများ  နှင့် လူထု အထောက်အကူပြု လုပ်ငန်း အချက်အလက်များ ထုတ်ဖော်ရှင်းလင်း ခဲ့ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်သူ့ လွတ်တော် ကိုယ်စားနယ်(သုံးခွမြို့နယ်) ဒေါ်စုစုလွင်သည်
ကျန်းမာရေး အခြေအနေအရ ဆေးကုသ နေစဉ်အတွင်း အဖွဲ့ချုပ်နာယက ဦးတင်ဦးမှ တာဝန်ခံအဖြစ် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သော်လည်း မြို့နယ် အလုပ်အမှုဆောင် အဖွဲ့အတွင်းမှ ပုဂ္ဂိုလ်အချို့ အနေဖြင့် ကိုယ်စားလှယ်အသစ် တာဝန် ပေးအပ်ရန် တောင်းဆိုမှု များ ပေါ်ပေါက်ခဲ့ပြီး ပြည်သူများ ယုံမှားဖြစ်ဖွယ် ကောလဟာလများ ထွက်ပေါ်နေမှုကြောင့် ကိုယ်စားလှယ်၏ ကိုယ်စား ဦးထင်အောင်မှ လူထု အထောက်အကူပြု လုပ်ငန်းများအား ရှင်းလင်း ချပြခဲ့ခြင်း ဖြစ်သည်။

by Myanmar News Now

လွတ်တော် ကိုယ်စားလှယ်၏ ကိုယ်စားလှယ် ဦးထင်အောင်မှ ကိုယ်စားလှယ်၏ ဆောင်ရွက်ခဲ့မှုများနှင့် လူထုအထောက်အကူပြု လုပ်ငန်း အချက်အလက် မှတ်တမ်း ဓါတ်ပုံများ




ဓါတ်ပုံ - တာတေကြီး (သုံးခွ)
သုံးခွ NLD လွှတ်တော် ကိုယ်စားလှယ် ကိစ္စ ထုတ်ဖော်ရှင်းလင်း သုံးခွ NLD လွှတ်တော် ကိုယ်စားလှယ် ကိစ္စ ထုတ်ဖော်ရှင်းလင်း Reviewed by သစ်ထူးလွင် on 10:10 Rating: 5
Powered by Blogger.