အဆိုတော် ဆိုတေး အခြေနေတိုးတက်ကောင်းမွန်လျှက်ရှိ

မန္တလေး-ဇူလိုင်၁၅

ယနေ့နေ့လယ် ၂နာရီ အချိန်ဆက်သွယ် မေးမြန်းချက်အရ ယာဉ်တိမ်း မှောက်မှု ကြောင့် မန္တလေးပြည်သူ့ ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ကုသလျှက်ရှိသော တေးသံရှင်ဆိုတေးမှာ အခြေ နေတိုးတက် ကောင်းမွန်လျှက်ရှိကြောင်း ၄င်း၏ ဦးလေးတော်စပ်သူ ဦးရဲမြင့်အောင်မှ အတည်ပြုပြော ကြားသည်။

ဦးနှောက် အလုပ်လုပ်ပုံလည်း တိုးတက်လာပြီ။ သွေပေါင်လည်း မှန်လာပြီ။ သတိကတော့ မရတချက်ရတချက်ပဲ။ ကောလဟလတွေက မမှန်ပါဘူးဟု ဦးရဲမြင့်အောင်က ပြောသည်။

ကားမောင်းသူ သန်းဝင်လှိုင်မှာ အရိုးအထူးကု ဆေးရုံသို့ ယနေ့တွင်ပြောင်းလဲ ကုသလျှက်ရှိကြောင်း ၄င်းကထပ်လောင်း ပြောကြားသည်။

ဖိုးလပြည့်

Popular Myanmar News Journal


အဆိုတော် ဆိုတေး အခြေနေတိုးတက်ကောင်းမွန်လျှက်ရှိ အဆိုတော် ဆိုတေး အခြေနေတိုးတက်ကောင်းမွန်လျှက်ရှိ Reviewed by သစ်ထူးလွင် on 16:20 Rating: 5
Powered by Blogger.