အီရန်သမ္မတရွေးကောက်ပွဲ Hassan Rowhani အနိုင်ရ

အီရန်နိုင်ငံမှာကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသူဟာ သဘောထားမတင်းမာတဲ့ ဘာသာရေးဆရာ ဟက်ဆန် ရိုဟာနီ (Hassan Rowhani) ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး မိုစတာဖာ မိုဟာမက်နက်ဂျာ (Mostafa Mohammad-Najjar) က ကြေညာလိုက်ပါတယ်။ ဒီ အနိုင်ရမှုဟာ နိုင်ငံကို အုပ်ချုပ်နေတဲ့ သဘောထား တင်းမာသူတွေ အပေါ် မထင်မှတ်ဘဲ အောင်နိုင်မှုပဲ ဖြစ်ပါ တယ်။ ပြုပြင်ပြောင်းလဲရေးသမားတွေ သိပ်သဘောကျတဲ့ နျူကလီးယား ညှိနှိုင်းရေးမှူးဟောင်း မစ္စတာရိုဟာနီ ဟာ စုစုပေါင်း ရေတွက်ရတဲ့ မဲပေါင်း ၃၇ သန်းနီးပါးမှာ ထောက်ခံမဲ ၁၉ သန်းနီးပါး ရရှိတာဖြစ်ပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အီရန်သမ္မတရွေးကောက်ပွဲ Hassan Rowhani အနိုင်ရ အီရန်သမ္မတရွေးကောက်ပွဲ Hassan Rowhani အနိုင်ရ Reviewed by သစ်ထူးလွင် on 09:08 Rating: 5
Powered by Blogger.