မွေးကင်းစ ကလေးငယ်အလောင်းအား စွန့်ပစ်ထားသည်ကို တွေ့ရှိ

ချောင်းဦး၊ ဇွန် ၂၈

မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာ ဘုန်းကြီးကျောင်း အုတ်တံတိုင်းအနီး ယခုလ ၂၇ ရက်နေ့မနက် ၇ နာရီ ခွဲအခိန်ခန့်က မွေးကင်းစ ကလေးငယ်အလောင်းတစ်လောင်းအား တွေ့ရှိခဲ့ရကြောင်း ရဲဌာနပိုင် မှတ်တမ်းများအရ သိရသည်။

အဆိုပါ မှတ်တမ်းများတွင် ကလေးသူမွေးဖွားခြင်းကိစ္စရပ်အား ထိန်ချန်လိုသော ရည်ရွယ်ချက်များဖြင့် မွေးကင်း စ ကလေးသူငယ်(ယောင်္ကျားလေး)ဖြစ်သူကို ယင်းကဲသို့ လာရောက်စွန့်ပစ်ထားခြင်းဖြစ်နိုင်ဖွယ်ရာရှိကြောင်း၊ စွန့်ပစ်ခံ ကလေးသူငယ်၏ ရုပ်အလောင်းသည် ချက်ကြိုးဖြတ်တောက်ထားခြင်းမရှိသေးကြောင်း အမှုမှန်ပေါ်ပေါက်စေရေး အတွက် ချောင်းဦးရဲစခန်း (ပ) ၁၇၃/ ပုဒ်မ ၃၁၈ အရ ဒုရဲအုပ် အောင်ခိုင်ထွန်းမှ ဆက်လက်ဆောင်ရွက် လျက်ရှိ ကြောင်း ဖော်ပြပါရှိသည်။

မွေးကင်းစ ကလေးသူငယ်စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် မေလခန့်ကလည်း ချောင်းဦးမြို့နယ် ဘူတာ ကျေးရွာလမ်းခွဲ အမှိုက်ပုံပေါ်တွင် အလားတူ ကလေးစွန့်ပစ်သည့် ကိစ္စတစ်ရပ်ပေါ်ပေါက်ခဲ့ကြောင်း ဒေသခံ လူမှုကွန် ယက် အဖွဲ့၏ မှတ်တမ်းများ၌ ဖော်ပြထားကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း


မွေးကင်းစ ကလေးငယ်အလောင်းအား စွန့်ပစ်ထားသည်ကို တွေ့ရှိ မွေးကင်းစ ကလေးငယ်အလောင်းအား စွန့်ပစ်ထားသည်ကို တွေ့ရှိ Reviewed by သစ်ထူးလွင် on 13:02 Rating: 5
Powered by Blogger.