အိမ်ဖြိုရင်း ပြိုကျလို့ လူတစ်ဦးသေဆုံး

ရန်ကုန်၊မေ၊၂၅

စမ်းချောင်းမြို့နယ် ရှင်စောပုလမ်း အောင်ချမ်းသာရပ်ကွက် အိမ်အမှတ်(၁) မှာ အိမ်ဖြို ဖျက်ရင်း နဲ့ပြိုကျ မှုကြောင့် လူတစ်ဦး သေဆုံး ပြီး ၃ယောက် ဒဏ်ရာရ သွားတယ်လို့သိရပါတယ်။

“ဖြစ်တာက ၉နာရီ ၁၀မိနစ် မှာဖြစ်ဖြစ်ချင်းနေရာမှာ တစ်ယောက်သေတယ်။ သုံးယောက်ဒဏ်ရာရတယ်။နှစ်ယောက် က ဒဏ်ရာပြင်းထန်တယ်။ “လို့ အောင်ချမ်းသာရပ်ကွက် ရာ အိမ်မှုး ဦးမိုးမြင့်ကပြောပါတယ်။

သေဆုံးသူ ကိုထွန်းလွင်မျိုး ဖြစ်ပြီး ဒဏ်ရာ ရသူတွေကတော့ ကိုရှိန်းကို၊ ကိုမိုးကျော်သူ ၊ကိုသီဟ တို့ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအိမ်ကို ဦးနိုင်တိုး အပါအ၀င် မိသားစု ၀င် နှစ်ဦးက ပိုင်ဆိုင်တယ်လို့ ဦးမိုးမြင့်ကပြောပါတယ်။

အဆိုပါကိုဖြိုဖျက် တဲ့ နေရာမှာ တာဝန်ယူ ထား တဲ့ အင်ဂျင်နီယာကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

လဲမို့၊မိုးမြင့်ဇော် (Kumudra)


အိမ်ဖြိုရင်း ပြိုကျလို့ လူတစ်ဦးသေဆုံး  အိမ်ဖြိုရင်း ပြိုကျလို့ လူတစ်ဦးသေဆုံး Reviewed by သစ်ထူးလွင် on 11:55 Rating: 5
Powered by Blogger.