မတရား တားဆီးသဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့အားအရေးယူ

၂၉.၅.၂၀၁၃ ရက်နေ့ ၂၀၃၀ အချိန် ရွှေပြည်သာမြို့နယ်နေ မချိုဇင်ဖြိုး(ဘ)ဦးစံငြိမ်းနှင့် မိခင်ဖြစ်သူဒေါ်လှမြင့်တို့သည် ဒ/၁၇ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ဧည့်စာရင်း သွားရောက် တိုင်ကြားစဉ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အောင်မှ ၎င်း၏ ခင်ပွန်းဖြစ်သူ တိုင်ကြားထားသည့် ကိစ္စနှင့် ပတ်သက်၍ မမှန်ကန်ကြောင်း လက်မှတ် ရေးထိုးခိုင်းရာ မထိုးပေးနိုင်ကြောင်း မချိုဇင်ဖြိုးမှ ငြင်းဆန်ခဲ့ သဖြင့်အုပ်ချုပ်ရေးမှူး နှင့်ရာအိမ်မှူး ဦးအောင်ဟန်၊ ဦးထွန်းထွန်းနိုင်တို့မှ အုပ်ချုပ်ရေးမှူးရုံး တံခါးအား ဆွဲပိတ်ပြီး လက်မှတ်မထိုးလျှင် ပြန်ခွင့် မပေးဘူးဟု ပြောဆိုခြင်း၊ ရာအိမ်မှူးဦးထွန်းထွန်းနိုင်မှ မချိုဇင်ဖြိုး၏ လက်ကိုဆွဲကိုင် ချုပ်နှောင်ထားခြင်း များပြုလုပ်ခဲ့ ကြသဖြင့် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အောင်ပါ(၃)ဦးတို့အား အရေးယူပေးရန်တိုင်တန်းခဲ့၍ လှော်ကားနယ်မြေ ရဲစခန်းတွင် အရေးယူထားရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ထားပါသည်။

Myanmar News Now


မတရား တားဆီးသဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့အားအရေးယူ မတရား တားဆီးသဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်  ရာအိမ်မှူးတို့အားအရေးယူ Reviewed by သစ်ထူးလွင် on 23:19 Rating: 5
Powered by Blogger.