ဘင်္ဂါလီစာရင်း ကောက်ရာတွင် ဆူပူမှုဖြစ်ရန် နောက်ကွယ် ကြိုးကိုင်သူ ခုနစ်ဦးကိုဖမ်း

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ခံနေသော စစ်ဆေးရေးအဖွဲ့ များကို ခဲများဖြင့်ပစ်ပေါက်ကာ ဆူပူမှု ဖန်တီးခဲ့မှုတွင် နောက်ကွယ်က ကြိုးကိုင် လှုပ်ရှားသူများကို စတင်ဖမ်းဆီးနေပြီ ဖြစ်ရာ စုစုပေါင်း ခုနစ်ဦး ဖမ်းဆီးထားပြီးဖြစ် ကြောင်း စစ်တွေမြို့ အမှတ် (၁) ရဲတပ်ဖွဲ့ စခန်းမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



၂၆-၄-၂၀၁၃ နေ့တွင် ပြုလုပ်ခဲ့သော ဘင်္ဂလီလူဦးရေ(ဆွဲ၊ တင်၊ စစ်)လုပ်ငန်းအား ဖျက်လိုဖျက်ဆီးလုပ်ပြီး နောက်နေ့များတွင် သဲချောင်း၊ သက္ကေပြင်အပါအ၀င် ဘင်္ဂလီရွာ၊ ဘင်္ဂလီဒုက္ခသည်စခန်းများတွင် အဖြူပိတ်သားပေါ်တွင် အနီရောင်စာလုံးများဖြင့်ရေးထားသည့် အောက်ပါစာတမ်းများနေရာအနှံတွေ့ရကြောင်း လုံခြုံရေးတာဝန်ယူရသည့် အဖွဲ့ဝင်အချို့ပြောကြားချက်အရ သိရှိရသည်။
****ရိုဟင်ဂျာ လွတ်မြောက်နယ်မြေ******
****ရိုဟင်ဂျာ အစ္စလာမ်ဘာသာဝင်များနေရာ****
****ရိုဟင်ဂျာသမိုင်း ဘယ်တော့မှပျောက်ကွယ်မှာမဟုတ်*****
****ပါကစ္စတန် ဂျိန္နာဘတ်**** (ပါကစ္စတန်အဓွန့်ရှည်ပါစေ၊ အောင်မြင်ပါစေ)
စသည်တို့ဖြစ်သည်။
၎င်းအပြင် တာဝန်ရှိဌာနဆိုင်ရာကားများဖြတ်သွားတိုင်း လေ့ကျင့်ပေးထားသော ဘင်္ဂလီကလေးငယ်များက ရိုဟင်ဂျာ၊ ရိုဟင်ဂျာ၊ ရိုဟင်ဂျာဟု ကြွေးကြော်ပြီး ကားဘေးနှစ်ဖက်နှင့် နောက်ဘက်မှ ၀ိုင်းအုံ၍ အမြဲတမ်း လိုက်ပါလေ့ ရှိကြသည်။ ထိုကလေးငယ်များ၏ လက်ဖျံအတွင်းပိုင်းများတွင် ဆော့ပန်ဖြင့် ''ရိုဟင်ဂျာ''ဆိုသည့် စာသာများ ရေးသားထားကြပြီး ရိုဟင်ဂျာဟုရေးသားထားသော ၂ ပေ ၁ပေခန့် လိပ်ထား၍ရသော ပိတ်စများ ကိုင်ဆောင်ထားကြကြောင်း တွေ့ရှိခဲ့ရသည်ဟု အမည်မဖော်လိုသူ လုံခြုံရေးတာဝန်ရှိသူက ပြောကြားခဲ့ပါသည်။ ဓါတ်ပုံ- RSV

ဘင်္ဂါလီစာရင်း ကောက်ရာတွင် ဆူပူမှုဖြစ်ရန် နောက်ကွယ် ကြိုးကိုင်သူ ခုနစ်ဦးကိုဖမ်း ဘင်္ဂါလီစာရင်း ကောက်ရာတွင် ဆူပူမှုဖြစ်ရန် နောက်ကွယ် ကြိုးကိုင်သူ ခုနစ်ဦးကိုဖမ်း Reviewed by သစ်ထူးလွင် on 19:00 Rating: 5
Powered by Blogger.